အခန်း ၆၂

Start from the beginning
                                    


လုသည် သူမ ဘာဖြစ်ဖြစ် ဂရုမစိုက်သေည်လည်း သူမ ငိုခဲ့သည်ကို သိသွားမှာ ကြောက်နေမိ၏ ။






ငါးမိနစ်ကြာပြီးနောက် တံခါးပြန်ပွင့်လာခဲ့ပြီး လုဟာ စာရွက်စာတမ်းအထပ်လိုက်နှင့် ဝင်လာပြီး ချောင့်ကိုကြည့်ပြီးနောက် သူမဘေးက စားပွဲခုံပေါ် စာရွက်များတင်ခဲ့သည်။

*************************

ဒီမွာ လက်မှတ်ထိုး

ချောင် ရေချိုးခန်းထဲက ထွက်လာတုန်းမှာပဲ လုက အိပ်ခန်းထဲ ဝင်လာခဲ့သည်။

ရေချိုးခန်းတံခါးက အိပ်ခန်းတံခါးဘေးမှာ ဖြစ်တာကြောင့် သူတို့ချင်း တိုက်မိတော့မလို ဖြစ်သွား၏ ။

ချောင် အပေါ်ကို မော့မကြည့်နိုင်ပဲ တောင့်တင်းသွားသည်။

အဆုံးမှာ သူမ ခေါင်းကို ကိုင်ပြီး အိပ်ခန်းထဲ ပြေးဝင်သွား၏ ။

လု ရေချိုးခန်းထဲမဝင်ခင် ချောင့်နောက်ကျောကို ဖျတ်ခနဲကြည့်သည်။

အအေးပက်ထားမှုကြောင့် ချောင် အလွန်ပင်ပန်းနွယ်နယ်နေသည်။

သူမ အိပ်ရာယာပေါ်ကို ရောက်သွားပြီးနောက် အိပ်ဖို့ကြိုးစားသော်လည်း ရေချိုးခန်းထဲက ရေသံကြားနေရသည်။

သူမ သဘောပေါက်လိုက်သည်။

လု ဒီည အိမ်မှာနေမည်ကိုပင်။

ချောင် အိပ်ရာပေါ်မှာ လူးလိမ့်နေပြီးနောက် အဝတ်လဲခန်းကို ခြေသံတိတ်တဆိတ်သွားသည်။

သူမရဲ့ ဝက်ဝံရုပ်ကြီးကို ပိုက်ထွက်လာသည့်အခိုက် လုကလည်း သူ့ခါးတွင် တဘက်ပတ်ရင်း ထွက်လာသည်နှင့် တိုး၏ ။

တစ်ခြားတဘက်ကို ကိုင်ပြီး သူ့ခေါင်းကို ခြောက်အောင် သုတ်၏ ။

အရုပ်ပိုက်လာသည့် ချောင့်ကို တွေ့သော် တုံ့ခနဲရပ်လိုက်ပြီးနောက် ဘာမှမဖြစ်သလိုနေပြီး ခေါင်းကို မှုတ်ဖို့ စားပြဲဆီ လျောက်သည်။

မွန္ကေန ကုတင်အလယ်က သူမရဲ့ဝက်ဝံရုပ်ထားရာ သူမေနရာကို မြင်ရသည်။

သူ့ကိုကျောပေးအိပ်ခဲ့ပြီး သူမစောင်ခေါင်းမြှီးခြုံသည်။

လုမျက်လုံးများမှေးခဲ့ပြီး ခေါင်းသာ ဆက်မှုတ်သည်။

ထို့နောက် ခေါင်းမှုတ်စက်ကို သိမ်းပြီး ြုတင်ကို အေးစက်စက်ကြည့်သည်။

မိန်းမတွေရဲ့ ဆဠမအာရုံကနေ လု သူမကို ကြည့်နေသည်ကို ခံစားမိ၏ ။

စောင်အောက်မှာ တောင့်တောင့်ကြီးဖြစ်ရုံသာမက ခေါင်းအုံထဲလည်း ခေါင်းမြှုပ်သွားသည်။

ခေါင်းအုံးစိုနေသည်ကို သိသော် သူမ အိမ်မက်ထဲမှာ ငိုထားခဲ့မိခြင်းကြောင့်ပင်။

လုသည် သူမ ဘာဖြစ်ဖြစ် ဂရုမစိုက်သေည်လည်း သူမ ငိုခဲ့သည်ကို သိသြားမွာ ကြောက်နေမိ၏ ။

သူမ ခေါင်းအုံးကို စောင်အောက်ကို ပိုနက်နက်ဆွဲနေမိသည်။

သူမလုပ်ရပ်က မသိသာသေည်လည်း လု အကြည့်ကတော့ ဆက်လက်၍ သူမဆီသာ တည်ရှိနေ၏ ။

သူမကို ကြာကြာကြည့်ပြီးသော် အခန်းထဲကနေ လှည့်ထွက်သွားတော့သည်။

အိပ်ခန်းတံခါး ပိတ်သွားသော် ချောင် မျက်လုံးဖွင်ခဲ့ပြီး ခေါင်းအုံးကို အပေါ်ထုတ်လိုက်သည်။

သူမကိုယ် သူမ ပြန်နေရာတကျနေလိုက်ပြီး လှဲခဲ့သည်။

ငါးမိနစ်ကြာပြီးနောက် တံခါးပြန်ပွင့်လာခဲ့ပြီး လုဟာ စာရွက်စာတမ်းအထပ်လိုက်နှင့် ဝင်လာပြီး ချောင့်ကိုကြည့်ပြီးနောက် သူမေဘးက စားပွဲခုံပေါ် စာရွက်များတင်ခဲ့သည်။

*************************

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now