Chapter 100 Magic Pill Formula part 2 (Z & U)

Começar do início
                                    

Unicode

အခန်း ၁၀၀ မှော်ဆေးလုံးဖော်စပ်နည်း-၂
သူ့ရဲ့ သာမန်မှတ်ဥာဏ်ကို မသုံးပဲနဲ့ စိတ်ဝိဉာဏ်ကိုပဲ သုံးတာမို့ စွမ်းအားတွေကို ဖြည်းဖြည်းချင်းစီကို စိတ်ကို ပြန်စုစည်းနေရသည်။ ဒီမှော်ဆေးလုံးဖော်စပ်ပုံကိုရေးတဲကသူက အတော်ကို စွမ်းအားကြီးတဲ့သူပဲ ဖြစ်လိမ့်မည်။
စာလုံးတစ်လုံးချင်းမှာကို ဂါထာတစ်မျိုးမျိုး ပါနေသလိုမျိုး စာလုံးတွေကို အချိန်အတော်ကြာအောင် ကြည့်နေတာနဲ့ စိတ်ထဲမှာ အိပ်မွေ့ချသလိုကို ခံစားနေရတာ။ ချက်ချင်းကြီးကို အရင်က သူ့ရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားသလို မကောင်းတဲ့ ခံစားချက်ကို ရရှိစေတယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ဆရာတူအကိုကြီးရဲ့ အချည်းနီးဖြစ်သလိုမျိုးတော့ မဖြစ်ခဲ့ပါဘူး။ တစ်နာရီခွဲလောက်ကြာပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့ မှော်ဆေးဖော်စပ်ပုံတွေကို ခေါင်းထဲမှတ်ထားလို့ပြီးသွားခဲ့တယ်။ ကျန်တဲ့ အချိန်နာရီဝက်ကိုတော့ အခြားအဆင့်မြင့် ဟောပြောချက်စာတမ်းတွေကို ကြိည့်ရှုခြင်းနဲ့ အချိန်ကုန်ခဲ့ပါတယ်။ သူက ဦးလေးYe ရဲ့ မှော်ဆေးပင် ပျိုးထောင်ခြင်းစာတမ်းကို တွေ့ချင်ပေမယ့် စာအုပ်စင်အကုန်လုံးကို အကြမ်းဖျင်းကြည့်တာတောင် ရှာမတွေ့ခဲ့ဘူး။
စာကြည့်တိုက်ကနေထွက်လာတာနဲ့ Kong Wen ပြောလို့ သူထင်ထားသလိုပဲ တံဆိပ်က သူ့ဘာသာသူ ပြာအဖြစ် လွင့်ပယ်သွားတယ်။ Kong Wen ကို ရှာဖို့တော့ You XiaoMo မသွားပါဘူး သူ့အခန်းကိုပဲ သူပြန်သွားပြီး စုတ်တံ စာရွက် မင်တုံး တို့ကိုပဲ သူ ထုတ်လိုက်တယ်။ ဒါက သူ့အတွက် ပထမဆုံး စိတ်ဝိဉာဏ်စွမ်းအားကို မှတ်မိဖို့အတွက် သုံးတာဆိုတော့ ဒါက ဘယ်လောက်အထိ မှတ်မိမယ် ဆိုတာ သူမသိဘူးလေ။ သူက တစ်ရက်ထဲနဲ့ အားလုံးကို မေ့သွားမှာ စိုးတာကြောင့် ဖော်စပ်ပုံတွေကို စာရွက်မှာ ချရေးဖို့ကို သူဆုံးဖြတ်လိုက်တယ်။ မတူတဲ့ အဆင့် သုံးမျိုးရဲ့ ဖော်စပ်ပုံတွေ။ ဆယ်ချီနေတဲ့ မှော်ဆေးလုံးတွေရဲ့ ဖော်စပ်နည်းတွေပါ၊
သူစာ စရေးဖို့ လုပ်တဲ့ အချိန်ရောက်မှ အချက်တစ်ချက်ိကို သူသတိရသွားတယ်။ ဒုက္ခပဲ၊ သူက စုတ်တံနဲ့မှ စာမရေးတတ်တာ။ သူပါးစပ်နဲ့တယ် အတော်ကြီး ပေါင်းကြည့်ပြီးမှ You XiaoMo တစ်ယောက် ရွဲ့စောင်းပြီး တွန့်ကောက်နေတဲ့ စာသုံးလုံးပဲ ရေးပြီးတယ် နှစ်ဆယ့်တစ်ရာစုဆိုတာက ဘောပင်နဲ့ ဖောင်တိန်ပဲ သုံးတဲ့အချိန်မှာ စုတ်တံတွေဆိုတာကဘယ် ထောင့်ကို ပစ်မိမှန်း မသိတော့တာကြာလှပြီ။ လူဆယ်ယောက်မှာ တစ်ယောက် စုတ်တံနဲ့ စာရေးတတ်တာကို မတွေ့နိုင်တော့ဘူး။
နေ့တစ်ဝက်လောက် ကြိုးစားအပြီးမှာတော့ You XiaoMo တစ်ယောက် သူလက်ရေးလှ လေ့ကျင့်ဖို့ လိုတာကို သေချာသိသွားပါတယ် ဒါပေမယ့် သူ့မှာ ဘယ်အချိန်က အချိန်ပိုနေသလဲ ဆိုတာတောင် သူမသိပါဘူး နေ့တစ်ဝက်လောက် စဉ်းစားပြီးချိန်မှာလဲ သူဖော်စပ်ပုံကို အရင်ဆုံး ချရေးဖို့ကိုပဲ တွေးနေမိပါသေးတယ်။
သူ့ရဲ့ လက်ရေးလက်သားက တီကောင် မြေကြီးထဲက ထွက်လာသလိုမျိုး တွန့်လိမ်နေရင်တောင် ဖတ်လို့ ရနေသရွေ့က အဆင်ပြေတယ်လို့သူယူဆပါတယ်။
လူတိုင်းရဲ့ ခေါင်းပေါ် နေလုံးကြီးရောက်ပြီးချိ်န် ထောင်ချီအောင် စမ်းသပ်အပြီး သောင်းချီနေအောင် အကြီးအကျယ် ဒုက္ခရောက်အပြီးမှာ နောက်ဝင်ရိုးစွန်းနဲ့ အပြိုင် လေးဘက်ထောက် ထွက်လာခဲ့သည်။ တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့ တံခါးက အပြင်ကနေ တွန်းဖွင့်ခြင်းခံရပြီးတော့ အနီရောင်ပျပျ နေ၀င်ချိန်ကြောင့် ကျစ်လစ်တဲ့ အရိပ်တစ်ခုက အရမ်းကို ရှည်နေသယောင်နဲ့ အခန်းတံခါးကနေပြီးတော့ ထိုင်ခုံအထိကို ကျရောက်လာသည်။
Lin Xiao ပေါ့ပေါ့ပါးပါး တိတ်တိတ် ဆိတ်ဆိတ်လေး ၀င်လာပြီးတော့ စားပွဲပေါ်မှာ ကိုးရိုးကားယားအိပ်ပျော်နေတဲ့ You XiaoMo ကို ပါတ်ကြည်သ့ည်။ You XiaoMo တစ်ယောက် သူ့လက်မောင်းတစ်ဖက်ကို ခေါင်းအုံးအိပ်ပြီး ပါးစပ်အစွန်းတစ်ဖက်နေပြီးတော့လဲ သားရည်တွေက တစ်ဝက်တစ်ပျက် ရေးထားတဲ့ စာရွက် အဖြူပေါ်ကို ကျနေသည်။ တစ်စက်ပြီး တစ်စက်ကျဆင်းနေသော သားရည်များစုမိပြီး သားရည်အိုင်ပင် ဖြစ်ထွန်းနေသည်။ Ling Xiao အခြားတစ်ဖက်ကိုလျှောက်သွားပြီး ကြမ်းပေါ်ကို ကျနေတဲ့ စာရွက်တွေကို ကုန်းကောက်လိုက်သည်။ သူမြင်လိုက်ရတာက အထင်ကြီးဖို့ကောင်းတဲ့ တွန့်လိမ်ကောက်ကွေးနေသော စာလုံး ၁၀လုံးလောက်ကို ဖြစ်သည်။
ပုံမှန်အားဖြင့်တော့ လူတိုင်းက စာရွက်တစ်ရွက်မှာ စာလုံး ရာပေါင်းများစွာကို ရေးနိုင်ပေမယ့် သူ့အတွက်ကတော့ ဆယ်လုံးထပ်တောင် မပိုချင်ပေ။ အဓိက ကတော့ စာလုံးတွေက အတော့်ကို ကြည့်ရတာ ဆိုးနေတာပင်။ Ling Xiao တစ်ယောက် နှုတ်ခမ်းသားများတွန့်သွားသည်အထိ မရယ်မိပဲတောင် မနေမိ။
ဒီစာလုံးတွေကို တစ်ခါကြည့်တာနဲ့တင် အဲဒိသူက အခုမှ စာရေးတာ စသင်တာလို့တောင် ပြောလို့ရသည်။ ထိန်းချုပ်မှုညံ့ဖျင်းမှုကြောင့် ကလေးလေးတစ်ယောက်ရဲ့ လက်မောင်းလို တုတ်ခိုင်နေသော အချို့စုတ်ချက်တွေက အတော်ကို ဆိုးသည်။ အကြီးအသေး မညီမှုတွေက တကယ့်ကို ဟာသမြောက်လှသည်။ Ling Xiao အောက်ကျနေသော စာရွက်အကုန်လုံးကို ကောက်ယူလိုက်သည်။ သူသေချာကြည့်မှ အဲဒါတွေအကုန်လုံးက အဆင့်လေး မှော်ဆေးဖော်စပ်ပုံတွေ ဖြစ်နေမှန်းသိတော့သည်။ သူမတွေးပဲမနေနိုင်တော့ သူဘာကြောင့်များ ဒီမှော်ဆေးဖော်စပ်ပုံတွေကို ရေးပုံမကောင်းပဲနဲ့ရေးထားတာလဲ။
"အို....... "
You XiaoMo က သူ့အိမ်မက်တွေထဲကနေ လှုပ်ရှားလာသည်။ အခြားတစ်ဖက်ကို အိပ်နေရာက မနိုးပဲနဲ့ လှည့်သွားသည်။ ပေါ်လာတဲ့ မျက်နှာတစ်ခြမ်းကလဲ နာရီဝက်ကျော်လောက် ဖိအိပ်ထားတာမို့ နီရဲနေသည်။ ၀က်ခြံအကြီးကြီးလိုမျိုး။ Lin Xiao တစ်ယောက် သူ့နဲ့မဆိုင်တာကို ၀င်စွက်ဖက်ဖို့ လုပ်ချင်နေသည်။ အပြုံးတစ်ပွင့်က နှုတ်ခမိးထက်မှာ ပေါ်လာပြီးတော့ "မင်းကို အခွင့်အရေးယူရတော့မှာပေါ့ကွာ"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Onde histórias criam vida. Descubra agora