30.

2.6K 115 12
                                    

Ep_30

ဤအပိုင်းတွင် အသက်မပြည့်သေးသော ကလေးများ မဖတ်သင့်သည် ကြောက်စရာ အခန်းများပါသည် ဖြစ်ပါ၍ မန်ကျူးဝါး ဖြစ်နေကြောင်း ကြိုတင် သတိပေးချင်ပါသည်  ။

"မင်း အပြင် ခဏ ထွက်နေ "

"ဘာလို့လဲ "

"ကိုယ်လည်း ကိုယ် ရက်စက်တာတွေ မင်းကို ဘယ်မြင်စေချင်ပါ့မလဲ "

ဆူးခက်က လိမ္မာနဲ့ အပြင် ထွက်သွားသည် ။ အဲ့တော့မှ မျက်နှာပေါ်က အပြုံးကို ခွာချလိုက်ပြီး အဖေ့ အတွင်းရေးမှူးဘက် လှည့်လိုက်သည် ။

"မင်း ! မင်းက Boss သားပဲ boss လွှတ်လိုက်တာလား မရဘူး မပေးနိုင်ဘူး ငါသေရင် video file ရဲလက် ရောက်ပြီးသားပဲ "

"ကောင်းတာပေါ့ ရောက်သွားလည်း အေးတာပဲ "

"ဘာ ! "

ခုံ တစ်ခုံပင် ယူခိုင်းကာ အေးအေးလူလူ ထိုင်ပြီး စကားပြောဖို့ ပြင်နေသော ကောင်ငယ်လေးကို နားမလည်နိုင် ။

"နွားနို့ တစ်ခွက်လောက် ချိုချိုလေး ဖျော်ပေးနော် "

"ဟုတ်ကဲ့ "

မမလေး ဆူးခက်ရဲ့ ခင်ပွန်းလောင်း ဖြစ်နေသဖြင့် ဘာမှ မပြောဘဲ ခိုင်းတာ သေသေချာချာ  လုပ်ပေးနေရသည် ။

"အသက်တွေလည်း ကြီးပြီ မကောင်းမှုတွေ လွှတ်ချပြီး ထောင်ထဲမှာ အေးအေးလူလူ သွားနေပါလား "

"ဘာ ! "

"ကျွန်တော် အဖေ့ကို ချစ်ပေမယ့် မတရားမှုကိုတော့ မချစ်ဘူး "

"မင်း ဘာတွေ လာပြီး တရားချမလို့လဲ "

"အဖေရော ခင်များရော ထောင်ထဲမှာ အေးအေးဆေးဆေး နေဖို့ ကူညီ ပေးမလို့လေ "

"မင်း ရူးနေတာလား "

နွားနို့ပူပူလေးအား မှုတ်သောက်ရင်း ဘာတွေ လာပြောနေမှန်း မသိ ။ စိတ်ပျက်လက်ပျက် နားထောင်နေရင်း ဘာတွေ ဖြစ်နေမှန်း လိုက်မမှီတော့ ။

Boss သားက boss ခိုင်းလို့ လာတာ မဟုတ်ဘူးလား ?

"Video file လိုချင်တယ် "

"မပေးနိုင်ဘူး "

ဒီ Video တစ်ခုကို အသက်ကယ်ဆေး တစ်ခုလို လက်ကိုင်ထားနိုင်လို့ မသေဘဲ စည်းစိမ်အပြည့်နှင့် ဒီအချိန်ထိ နေနိုင်ခြင်း ဖြစ်သည် ။ ကိုယ့် အသက်ကို save ဖြစ်အောင် video တစ်ခုနဲ့ ခြိမ်းခြောက်နေရသည်လေ ။

Heartless killer !Donde viven las historias. Descúbrelo ahora