7.

1.1K 95 0
                                    

Ep - 7

ငါ့မှာ ထူးဆန်းတာတွေ ဖြစ်လွန်းလို့ အံ့သြလို့ကို မဆုံး ။ ငါက သေပြီး ပြန်ရှင်လာလို့ တိရိစ္ဆာန် စကားပါ နားလည်နေတာလား ။ ငါ့ဘဝကြီးက ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ ။

ငါနောက်ဆုံး သတ်ခဲ့မိသည့် မှော်ဆရာမ လိုလို အကြားအမြင် ဆရာမ လိုလို စုန်းမ လိုလို မိန်းမကြီးကြောင့် များလား ?

မဖြစ်နိုင် ။ ဒါက ငါ့ခေါင်းဆောင် ခိုင်းလို့ ရှင်းပစ်ခဲ့ရုံလေးလေ ... ငါနဲ့ ဘာဆိုင်လို့လဲ ။ ပြီးတော့ သူ့ကို ရက်ရက်စက်စက်လည်း မသတ်ခဲ့ ... နှလုံးတည့်တည့်ကို ဓားမြှောင်နဲ့ တစ်ချက်တည်း ထိုးစိုက်ခဲ့ရုံသာ ။

အဲ့တာထက် ငါက candy မဟုတ်မှန်း ပထမဆုံး ဖမ်းမိသွားတာက ကြောင် တစ်ကောင် ဆီမှာတဲ့လား ....

ငါ စိတ်ပျက်လိုက်တာ !

"အဲ့တော့ နင်က ဘာလုပ်ချင်လဲ ငါက နင့်ကို မသတ်ရဲဘူး ထင်နေလား ? "

အထုတ်တွေကို ဘုန်းကနဲ ပစ်ချပြီး ကြောင်စုတ်လေး အရှေ့မှာ ဒူးထောက် ထောင်လိုက်သည် ။ ဒါကို ဒင်းက မာန်ဖီပြီး ငါ့ပါးကို လက်သည်းနှင့် ခြစ်ချလိုက်သည် ။

"အရိုင်းအစိုင်းမ ! သေစမ်း "

"ကြောင်စုတ် ! နင် လုပ်ရဲတယ် ? ငါနင့်ကို သတ်ပစ်မယ် "

ကြောင်ကို ဂုတ်က ဆွဲမပြီး ခြံထဲက အုတ်တံတိုင်းကို ပစ်ပေါက်ရင် ပြင်လိုက်သည် ။

ဒါပေမယ့် ငါ့မှာ သတ်ခွင့် မရလိုက် ။ လေချွန်သံ သဲ့သဲ့နှင့်အတူ ငါ့လက်ကို တစ်စုံတစ်ယောက်က ဟန့်တား လိုက်သည် ။

Lavender ရေမွှေးနံ့ သင်းသင်းလေးကြောင့်လား ချိုမြသည့် လေချွန်သံလေးကြောင့်လား မသိ ... ငါ စိတ်တိုနေတာ ပြေပျောက်သွားသည် ။

"စိတ်တိုနေတာလား "

ငါ့လက်ထဲက ကြောင်ကို ဆွဲယူပြီး သူ့ရင်ခွင်မှာ ပွေ့ထားကာ ကြောင်ရဲ့ ခေါင်းကို သူ့လက်ဖဝါးဖြင့်  ဖြည်းဖြည်းချင်း ပွတ်ပေးနေသည် ။

"ဒီကြောင် ငါ့ပါးကို ကုတ်လိုက်လို့ "

"စိတ်လျော့ပါ ဒါမင်းကြောင်လေ ... ဒီလိုမလုပ်သင့်ဘူး "

Heartless killer !Where stories live. Discover now