3.

1.3K 101 0
                                    

Ep - 3

ဆေးရုံက ဆင်းပြီး အိမ်ကို ပြန်လာကြသည် ။ အိမ်ကြီးက တော်တော်ကို ကြီးသည် ။ တစ်အိမ်လုံးကို ပြောင်လက်နေသည့် ကြွေပြား အပြည့်ကပ်ထားပြီး ရွှေရောင် မီးဆိုင်းကြီးတွေ ဆိုသည်မှာလည်း တစ်အိမ်လုံး လင်းထိန်နေသည် ။

"ဒါက အိမ်လား နန်းတော်လား "

"candy လေးကတော့ နောက်ပြီ ကိုယ့်အိမ်ကိုတောင် မမှတ်မိတော့ဘူးလား ကလေးရယ် "

မား ဆိုသည့် မိန်းမက နူးညံ့ သိမ်မွေ့သည် ။စကား ပြောပုံက အစ ။ ပြီးတော့ သိပ်လှသည် ။ ထက်မြတ်ဟန် တူသည်။

"ဒါ candy အခန်းလေ "

"အင်း "

အခန်းထဲဝင်လိုက်ပြီး နှစ်ယောက်အိပ် စပရိန် မွေ့ယာကြီးပေါ်ကို လှဲချလိုက်သည် ။ ထူးဆန်းတာတွေ ကြုံတွေခဲ့ရလွန်းလို့ လူက တအား ပင်ပန်းနေပြီ ။

"နားလိုက်ဦး ညနေမှ ကိုကိုနဲ့ စကားပြောကြမယ် "

ခုလို ကိုယ့်ညီမလေး ပင်ပန်း နေတော့လည်း မကြည့်ရက် ။ ပြောစရာစကားများကို ပြန်မြိုချရင်း ထိုကလေးမကိုသာ ကြည့်နေလိုက်သည် ...

"အင်း "

စကားနည်း သွားလိုက်တာ ။ အရင်ကဆို စကားတွေ တတွတ်တွတ်ပြောပြီး လိုချင်တာတွေ ကပ်ချွဲနေကြ ။ ခုတော့ ပျော်ပျော်နေတတ်လွန်းတဲ့ ကလေးမလေးရဲ့ ပုံစံက အေးစက်နေသည် ။

အတိတ်မေ့သွားရုံနဲ့တင် လူတစ်ယောက်က ဒီလောက်ထိ ပြောင်းလဲသွားဖို့ လိုလို့လား ?

"ကိုကို သွားတော့မယ် candy နင်ခဏ အိပ်နေလိုက် ညနေမှ ငါနဲ့ ဈေးဝယ် ထွက်ကြမယ် "

"အင်း "

ဝိုင် ဆိုတဲ့ ကောင်လေးက သူ့ညီမကို တော်တော် ချစ်ပုံရသည် ။ ဒီကောင်မလေးက အတော်လေး ချမ်းသာမည့်ပုံ ။

နင်လေး ဘဝက အရမ်း ပြီးပြည့်စုံလွန်းတယ် .... အင်း ငါအရင်က လိုချင်ခဲ့တဲ့ ဘဝမျိုး ..!

>>>>>>>>

ငါ့ဘဝကတော့ မွေးကတည်းက မလှခဲ့ ။

ငါ့နာမည်က မေရီ .......

မွေးဖွားခဲ့တာကတော့ မြန်မာပြည်မှာပဲ ။
မိဘတွေကလည်း သာမန် ဝန်ထမ်းတွေ ။
သာမာန် မဟုတ်တာကတော့ အသတ်ခံရတာပဲ ။

Heartless killer !Where stories live. Discover now