Ep _ 20

1K 96 12
                                    

Ep _ 20

အဖြူလုံးကို ခေါ်မလာမိတော့ ရှားမြတ်သွင် ဆိုတဲ့ ကိုယ်တော်ကိုပဲ မေးကြည့်ရတော့မည် ။ မတတ်နိုင် ။

"ရှား "

အပြုံးတစ်ခုနှင့် နာမည်ကို တစ်လုံးတည်း နူးနူးညံ့ညံ့ ခေါ်လိုက်သော ငါ့ကို စစ်မင်းက တအံ့တသြ ကြည့်သည် ။ နောက်တော့ စူးကနဲ ကြည့်သည် ။ ပြီးတော့ ဆက်ပင် မကြည့်တော့ အခြားဘက်ကိုp လှည့်သွားလေသည် ။

စစ်မင်း စိတ်ဆိုးသွားလည်း မတတ်နိုင် ။
နောင်တစ်ချိန်မှာ ရှားမြတ်သွင် ကို အသုံးလိုသေးသည်လေ ။ နည်းနည်းတော့ ရှင်းအောင် မေးထားရမည် ။

"ပြောလေ Candy "

"ငါ အတိတ်မေ့နေတယ် "

"သိတယ် ကြားပြီးပြီ "

"အရင်ကရော နင့်ငါ့ကို ဖွင့်ပြောခဲ့လား "

ရှားမြတ်သွင်က လည်ပင်းကို ပွတ်ပြီး ရှက်ပြုံးလေးဖြင့် ပြန်ဖြေသည် ။

"ကိုယ်တို့က မပြောလည်း မျက်ဝန်းတွေနဲ့ သိခဲ့ကြတာပဲ "

"ငါရော နင့်ကို ချစ်တယ်များ ပြောမိလို့လား "

ဒီတစ်ခါတော့ တွေဝေနေဟန်ဖြင့် ။

"မပြောပေမယ့် ကိုယ်သိတာပေါ့ ကိုယ် ဘာပြောပြော ပြုံးပြီး ကြည့်နေတတ်တာ ကိုယ့်အပေါ် မေတ္တာရှိနေမှန်း ... ကိုယ် တစ်ခွန်းဆို တစ်ခွန်း စကား နားထောင်တာ ကိုယ့်ကို ချစ်လို့မှန်း "

စစ်မင်းက စိတ်တိုနေလေသည် ။ စစ်မင်း တစ်ယောက်တည်း မဟုတ် ။ ငါလည်း စိတ်တိုနေပြီ ။

ဘယ်လို ဇာတ်ရှုပ်တွေ ရှင်းနေရတာလဲ ?
ငါ စိတ်ပျက်လိုက်တာ !

ငါ့အစီအစဉ်တွေတော့ နည်းနည်းလေးမှ အလွဲမခံနိုင် ။

"ကောင်းပြီ မျက်ဝန်းတွေနဲ့ သိတယ်ပြောတယ်နော် ဒါဆို အခု ငါ့ကိုကြည့် .... အရင်လိုပဲလား "

"Candy ? "

ဘာမှ မပြော ။ တကယ်ပင် စူးစိုက်ကြည့်နေသော သူမလေးက အရင်နဲ့ သိပ်မတူ ။ အကြည့်တွေက စူးရဲသည် ။ နူးညံ့သိမ်မွေ့မှုကို ရှာမတွေ့ ... ချစ်ခြင်းမေတ္တာ ဆိုတာ ဝေးရော ။

Heartless killer !Where stories live. Discover now