Ep _ 29

1K 92 18
                                    

Ep_ 29

ဤအပိုင်းတွင် အသက်မပြည့်သေးသော ကလေးများ မဖတ်သင့်သည် ကြောက်စရာ အခန်းများပါသည် ဖြစ်ပါ၍ မန်ကျူးဝါး ဖြစ်နေကြောင်း ကြိုတင် သတိပေးချင်ပါသည်  ။

"ခေါင်းဆောင် "

"အခုမှ ရုံးဆင်းတာလား "

"ဟုတ်တယ် "

ကော်ဖီဆိုင်တွင် တွေ့ဖို့ ချိန်းလိုက် ကတည်းက ဆူးခက်တွင် အရေးတကြီး ပြောစရာ ရှိမှန်း သိလိုက်ပြီ ။

"ဘာလဲ တစ်ခုခု ထူးလို့လား "

"ဟုတ်တယ် ဟို အတွင်းရေးမှူး မနေ့ညက China ကို လစ်သွားပြီ "

"ဒါဆို ငါတို့ဘက်က လှုပ်ရှားရ လွယ်သွားပြီ "

"ခေါင်းဆောင် အရင်သွားနှင့် ခက် ဒီ ပိတ်ရက် တရုတ်ကို လိုက်ခဲ့မယ် "

"စိတ်ချ video ရရင် ဘာဆက် လုပ်မလဲ "

"ခက်မှာ အကြံရှိပြီးသား အဓိက က အဲ့ video file လက်ထဲ ရောက်လာဖို့ပဲ "

"ဒါဆို ပိတ်ရက် တရုတ်မှာ တွေ့မယ် ဆူးခက် ရောက်ရင် လာကြိုမယ် "

"ရတယ် မလိုဘူး ဂိုဏ်းရဲ့ မြေအောက်ခန်းမှာပဲ ချုပ်ထားလိုက်လေ အဲ့ဒီကိုပဲ လာခဲ့မယ် "

ငါ စကားမှားသွားပြီ ။ ခေါင်းဆောင်က တအံ့တသြ ကြည့်နေသည် ။ ငါ ပြုံးပြလိုက်ပြီး ယုံကြည်အောင် ဆက်ပြောရသည် ။

"အာ မေရီ ပြောပြထားတာ မမက ခက်ကို အရမ်း ယုံကြည်တာလေ "

"ငါ လည်း မင်းကို ယုံပါတယ် ဒါဆို ပိတ်ရက်မှ တွေ့မယ် ငါ သွားတော့မယ် "

"ဟုတ်ကဲ့ "

စားပွဲထိုးလေးကို ခေါ်ပြီး ဒူးရင်းမလိုင် တစ်ပွဲမှာပြီး ထိုင်စောင့်နေလိုက်သည် ။
ခဏကြာတော့ ရှားမြတ်သွင် ဆိုင်ထဲ ဝင်လာလေသည် ။

"ကိုယ်နဲ့ ဘာလို့ ထပ်တွေ့ချင်ရတာလဲ "

"ငါ နင့်ကို သေချာ ပြောထားချင်တာ ရှိတယ် "

"အင်း ပြော "

" တစ် ငါအရင်က Candy မဟုတ်ဘူး
          ပြီးတော့ အရင်က Candy လည်း
          ထပ်မဖြစ်ချင်ဘူး
   နှစ်  နင်နဲ့ငါ စီးပွားရေး ဆန်ဆန်ပဲ       
          ပက်သတ်မယ် ရှင်းလား
   သုံး  နင်လည်း အခု ဆူးခက်ကို
          မချစ်ဘူး ငါပြောတာ မှန်လား "

Heartless killer !Where stories live. Discover now