Ep _ 24

1K 99 15
                                    

Ep _ 24

ဆိုဖာပေါ်တွင် ငိုရင်း အိပ်ပျော်သွားသော စစ်မင်း ။

'ငါ စိတ်ပျက်လိုက်တာ ! '

မျက်တောင်ပေါ်တွင် လက်ကျန် မျက်ရည်ကြည်များက တွဲခိုနေပြီး မျက်လုံးတွေ အရမ်း ပွတ်ထားလို့ မျက်ခွံတွေပါ နီရဲနေသည် ။ မျက်ရည်စီးကြောင်းတွေ မခြောက်သေးသော ပါးပြင်သည်လည်း အနည်းငယ် သွေးရောင်လွှမ်းနေသည် ။

အဖြူရောင် ဆံပင်များက ရှုပ်ပွနေသော်လည်း တစ်မျိုးလေး ချစ်ဖို့ကောင်းသည် ။ ကွေးကွေးလေး အိပ်ပျော်နေသော အဖြူရောင် ထုထည်ပေါ်သို့ စောင်ခြုံပေးပြီး သက်ပြင်းချမိသည် ။

"ငါ့ကို ယူမလား မေးခဲ့တာ ဦးရဲစစ်ပိုင်ကြောင့် မဟုတ်ဘူး "

ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဖြင့် တို့ထိရင်း ငါ ခပ်တိုးတိုး ပြောမိသည် ။

'တင်းတောင် '

အလိုက်ကန်းဆိုး မသိ မြည်လာသော ဘလ်သံကြောင့် ခပ်တိုးတိုး ကျိန်ဆဲမိသည် ။

"ခေါင်းဆောင် ? "

တရုတ်ကြီးရဲ့ အပြုံးကြောင့် နည်းနည်းတော့ အံ့သြသွားသည် ။

ဒီလူကြီး ငါ့ကိုတောင် တစ်ခါမှ ရယ်မပြခဲ့ဘူး !

"အစီအစဉ် အသေးစိတ် သိချင်လို့ "

"ရှုး တိုးတိုး ခက် ကောင်လေး အိပ်နေတယ် နိုးသွားလိမ့်မယ် "

"ကောင်လေး ? "

ဖိနပ် အသာအယာ ချွတ်ပြီး ဆူးခက် အိမ်ထဲ ဝင်ခဲ့တော့ တကယ်ပင် ဆိုဖာပေါ်မှာ အိပ်နေသော အဖြူလုံး တစ်ခု ။

လူလား ?

ဘာလို့ အကုန် ဖြူစွတ်နေရတာလဲ !

"လိုက်ခဲ့ "

အနောက်ဖေး မီးဖိုချောင်က ထမင်းစား စားပွဲသို့ ခေါ်သွားလေသည် ။ တစ်အိမ်လုံး တိတ်ဆိတ်နေသဖြင့် ခြေသံ ဖွဖွနင်းသော်လည်း အသံ ကျယ်ကျယ် ထွက်လာသည် ။

"တိုးတိုးလျှောက်ပါဆို "

လေသံဖြင့် ပြောလိုက်သော ဆူးခက်က တကယ်ပင် သူ့ကောင်လေး နိုးမှာ စိုးရိမ်နေပုံ ။

Heartless killer !Where stories live. Discover now