Ep - 15

1.2K 128 27
                                    

Ep - 15

"နင် ငါ့အနောက်မှာပဲနေ စစ်မင်း "

ဆူးခက် မျက်ဝန်းက သတ်ချင်ဖြတ်ချင်သည့် လူသတ်ရိပ်ကို မြင်နေရတော့ အံ့သြနေစဉ် သူမက ကျွန်တော့် လက်ကို ဆွဲပြီး သူမ အနောက်ဖက်ကို ပို့လိုက်လေသည် ။

"မိန်းကလေး ဆိုပြီး ညှာမယ် ထင်နေလား မဆိုင်တာ ဝင် မရှုပ်နဲ့ ကောင်မလေး ... "

ခြိမ်းခြောက်သည့် လူကြီး စကားပင် မဆုံးသေး ။ ဆူးခက် က သံတုတ်ဖြင့် ခေါင်းကို ရိုက်ချလိုက်ရာ မေ့လဲ သွားလေသည် ။ ကျန်လူများလည်း အံ့သြနေဆဲ ။

ဘေးနားရှိသည့် လူကြီးရဲ့ မျက်နှာကို ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ချလိုက်ပြီး ဗိုက်ကို လက်သီးနှင့် ထိုးချလိုက်သည် ။ အကုန်လုံး အံ့သြချိန်တောင် မရလိုက် ။

လှုပ်ရှားမှုတွေက မြန်ဆန်သည် ။ စက္ကန့်မပင် မခြား ။ ထိုတော့မှ  နောက်ထပ် ငါးယောက်က အသိပြန်ကပ်ပြီး ပြေးဝင်လာ လေသည် ။

လက်သီးချက်ကို ရှောင်လိုက်ပြီး လက်ကို လိမ်ချိုးကာ ကျောကုန်းကို သံတုတ်နဲ့ ရိုက်ချသည် ။ ခြေထောက်နှင့် ကန်သည့် လူကြီး၏ ခြေထောက်ကို ဖမ်းချုပ်ပြီး တစ်ပတ်လှည့်ကာ လမ်းမပေါ် ပစ်တွန်းချသည် ။

လူနှစ်ယောက်က ဝိုင်းချုပ်လေတော့ အားဖြင့် ပြန်ရုန်းပြီး လက်တစ်ဖက် လွတ်သည်နှင့် မျက်နှာကို သံတုတ်ဖြင့် ရိုက်ချလိုက်သည် ။

လက်နောက်တစ်ဖက် ချုပ်ထားသည့် လူကြီးက သွးအလိမ်းလိမ်း ထွက်လာတာကို ကြောင်ကြည့်နေစဉ် ထိုလူကြီး လက်ကို ဆွဲပြီး ကိုင်ပေါက်လိုက်သည် ။

နောက်ဆုံး ကျန်သည့် တစ်ယောက်ကို ရင်ဝကနေ ဆောင့်ကန်ပြီး လဲကျသွားစဉ် သံတုတ်ဖြင့် ခြေထောက်ကို ရိုက်ပစ်လိုက်သည် ။ ပြန်ထ လာသော လူများကို ခဏလေးတောင် အချိန်မပေး ... ချက်ချင်း ဆောင့်ကန်သည် ။

ဒေါက်ဖိနပ်ဖြင့် အကန်ခံရသူများမှာ မသက်သာချေ ။

အကုန်လဲကျ သွားတော့ ကားထဲက လူတစ်ယောက် ထွက်လာသည် ။

"မင်းတို့ ကောင်တွေ အသုံးကို မကျ ... ဟင် candy ? "

ကားထဲကဖြစ်သည်က တစ်ကြောင်း အဝေးက ဖြစ်နေသည်က တစ်ကြောင်း အဝတ်အစား ပုံစံတွေ မတူတော့ သည်က တစ်ကြောင်းကြောင့် candy ကို မမှတ်မိခဲ့ ။

Heartless killer !Where stories live. Discover now