18

908 77 0
                                    

Ep _ 18

ဒယ်ဒီ ဝယ်ပေးလိုက်သည့် တိုက်ခန်းကို ချက်ချင်း ဆိုသလို ပြောင်းလိုက်သည် ။
အရေးကြီးတာ အခန်း ။ နံရံကပ် စာအုပ်စင်လေးကို တွန်းလိုက်သည်နှင့် အတွင်းခန်း တစ်ခန်း ပေါ်လာသည် ။

ပုံမှန်ကြည့်ရင် စာအုပ်စင်လေးပေါ့ ။
ဒယ်ဒီ တကယ် တော်တာပဲ ။ ငါ လိုချင်သည့် အခန်းပုံစံ ကွက်တိ ။

အထဲမှာ ကွန်ပျုတာ အဆင်သင့် ။ ငါ လိုအပ်ရင် သုံးဖို့ ဒယ်ဒီ့ လူယုံ ငါးဦးရဲ့ ဖုန်းနံပါတ်တွေလည်း ရေးပေးထားသည် ။ တကယ်ပဲ ပိုက်ဆံချမ်းသာတာ ကောင်းလိုက်တာ ။

အသေးစိတ် အစီအစဉ်တွေကို ရေးဆွဲပြီး ပြုံးလိုက်သည် ။ နောက်လဲ အပြုံးတွေကို ဖောဖောသီသီ သုံးရမည်မို့ အခုကတည်းက လေ့ကျင့်ထားသည် ။

" ခင်များကြီး ထောင်နန်းစံဖို့သာ ပြင်ထား "

စီစဉ်စရာ ရှိတာ စီစဉ်ပြီးသည်နှင့် အလုပ်သွားဖို့ ပြင်ဆင်ရသည် ။ W.N လျှပ်စစ် ကုမ္ပဏီမှာ မန်နေဂျာရဲ့ လက်ထောက်အဖြစ် လောလောဆယ် တာဝန်ယူရမည် ။

တဖြည်းဖြည်းနဲ့မှ ရာထူးအဆင့်ဆင့် တိုးယူပြီး ရှယ်ယာရှင်အနေနဲ့ S.I.T အစည်းအဝေး တတ်ရောက်မည် ။ အဲ့အချိန် လူ့ဘီလူးရဲ့ ယုတ်မာမှုတွေ အကုန် သက်သေရှိနေမှ ဖြစ်မည် ။

"လှုပ်ရှားစရာတွေက များလိုက်တာ အချိန် ဘယ်လောက်တောင် ယူရမှာလဲ "

အစီအစဉ်တွေကိုတော့ တစ်ချက် အလွဲမခံနိုင် ။ ငါ သေချာပေါက် ဒင်းကို အနိုင်ယူရမည် ။

>>>>>>>>>>>

"ဒီနေ့ လက်ထောက် မန်နေဂျာ အသစ်ရောက်မယ်ဆို "

"ဟုတ်တယ် W.N ရဲ့ အမွေဆက်ခံမယ့် သမီးလေ "

"ဟွန်း ပိုက်ဆံရှိတဲ့ သူတွေများ ၁၀ တန်း အောင်ရုံနဲ့ ချက်ချင်းကို အဖေ့ ကုမ္ပဏီ ဝင်လုပ်တော့တာပဲ "

"ဟဲ့ စကားပြော ဆင်ခြင် မမလေးက ထက်မြတ်တယ် ကြားတယ် "

"အမလေး အလကားပါ ၁၀ တန်း အောင်တာ ကြာပြီကို ခုထိ တက္ကသိုလ် မတတ်ဘဲ အလေလိုက်နေပြီး ဘာမှ သုံးစားမရဘူးတဲ့ "

Heartless killer !Where stories live. Discover now