Ep _ 23

1K 100 19
                                    

Ep _ 23

"ဘာမှ မပါတဲ့ စတစ် အခွံနဲ့ ငါ့ကို အရူးလုပ်ရဲတယ် မင်းကို အလုပ် ထုတ်လိုက်ပြီ "

"ဘာ ! Boss ပြောလို့ copy တောင် မချန်ဘဲ အကုန် ပေးလိုက်တာလေ Boss မစစ်ဘဲနဲ့ "

"ငါက မင်းကို ယုံပြီး မစစ်မိတာ ... ဒီရက်ပိုင်း နေမကောင်းလို့ sample အတွက် နောက်ဆုတ်လိုက်တာကို အခွင့်ကောင်းယူပြီး မင်းကွာ လုပ်ရက်တယ် "

"Boss စတစ် ဘယ်သူ ကိုင်သေးလဲ "

"မင်း ပေးလိုက်ကတည်းက ငါ့အိတ်ထဲမှာ လှုပ်တောင် မလှုပ်ဘဲ ရှိနေတာ သူတောင်းဇားရဲ့ ! မင်းသာ File ကို ဟိုကောင့်ဆီ သွားရောင်း လိုက်တာ မဟုတ်လား သစ္စာဖောက် "

"Boss လွန်မလာနဲ့နော် ကျွန်တော် Boss လူသတ်တုန်းကတောင် ကိစ္စတွေ ကူရှင်းပေးခဲ့တာ "

"မင်း ! မဆိုင်တာတွေ ပြောမနေနဲ့  မင်းကို အလုပ်ထုတ်ပြီ "

"ထုတ်ရဲရင် ထုတ်လိုက်လေ ခင်များ လူသတ်ထားတဲ့ Video ရဲလက် အပ်လိုက်မှာပေါ့ "

"မင်း ! "

Oh ! ငါ တကယ် အူမြူးသွားပြီ ။ ထင်ထားတဲ့ အတိုင်း သက်သေက ကျန်နေတာပဲ ။

ဒါပေါ့ ဒီလိုပဲ ဖြစ်နေရမယ်လေ !

ငါတောင် ငါ့ခေါင်းဆောင်ကို ဒီလောက် ယုံကြည်ရက်နဲ့ ခေါင်းဆောင်ရဲ့ နိုင်ကွက်ကို ကိုင်ထားခဲ့သေးတာပဲ ။ လူဆိုးတိုင်းက emergency အတွက် ကိုယ် survival ဖြစ်ဖို့ key တစ်ခုတော့ ချန်ထားတတ်သည်လေ ။

ငါထင်လို့ ဒင်းတို့ ကြားက ဝင်နှောက်လိုက်တာ တကယ် ထင်ထားသည့် အတိုင်းပင် ။

"ကစားပွဲကတော့ လှပြီ ! "

>>>>>>>>>>>

"ဒယ်ဒီ ပြန်ရောက်ပြီ အိမ်လာခဲ့ဦး "

မက်ဆေ့ မြင်တော့ နည်းနည်း စိတ်ညစ်သွားသည် ။

ငါ ဒီည plan တစ်ခု ရှိပါတယ်ဆို !

အချိန်ရသေးတာမို့ ဒယ်ဒီ့ အိမ်ကို လေထက် မြန်သည့် အမြန်နှုန်းဖြင့် ရောက်အောင် သွားလိုက်သည် ။ ဒယ်ဒီက ထမင်းဝိုင်းမှာ ထိုင်နေပြီး ဧည့်သည် ဆိုသူကတော့ မတွေ့ရသေး ။

Heartless killer !Where stories live. Discover now