10.

1K 96 0
                                    

Ep - 10

ရေချိုးဇလုံးထဲတွင် စိမ်နေရင်း ငါ စဉ်းစားခန်း ဖွင့်နေသည် ။ S.I.T Group တစ်ခုလုံးကို ဘယ်လို ပြိုကွဲအောင် လုပ်သင့်လဲ ငါမသိ ။

ငါက ထက်မြတ်သည် မှန်သော်လည်း ရှုပ်ထွေးပွေလီသည့် အကြံဉာဏ်များက ထွက်မလာ ။ ငါကတော့ သတ်ပစ်ဖို့လောက်သာ တွေးတတ်သည် ။

ငါ လူသတ်နည်း ပေါင်းစုံကို သိသလို လက်တွေ့ လေ့ကျင့်ခဲ့ဖူးသည်လေ ။

ရက်စက် ကြမ်းကြုတ်သည့် နည်းနဲ့ သတ်ပစ်ရမလား ? တစ်ခါတည်း သေသွားအောင် လုပ်လိုက်ရမလား ? ဒါမှ မဟုတ် ဖြည်းဖြည်းချင်း ညှင်းဆဲ ရမလား ? နာနာကျင်ကျင် အော်ဟစ်နေသံကို နားဆင်ပြီးမှ သတ်ပစ်ရမလား ?

ငါအကုန် ကျွမ်းကျင်သည် ။

ဒီဆူးခက်နွယ်ဆိုတဲ့ ကောင်မလေး အနေအထားနဲ့ S.I.T ကို အေးအေး ဆေးဆေး ကပ်လို့ရနိုင်သည် ။ သို့ပေမယ့် ဒီကိုယ်နဲ့တော့ ငါလူ မသတ်ချင် ။

ကလဲ့စား ချေဖို့ကို သတ်ပစ်ရန်သာ ငါ ရိုးရိုးလေး တွေးခဲ့ပေမယ့် ခုတော့ မဖြစ်နိုင်တော့ ။ 

"ကြာနေပြီနော် နင် ငါ့မမ ကိုယ်လေးကို အအေးပက်အောင် မလုပ်နဲ့ "

ဟရုံသာ ဟထားခဲ့သည့် တံခါးကို တွန်းဝင်လာရင်း တံခါးကို မှီပြီး ထိုင်ချလိုက်သည့် ကြောင်စုတ်လေး ။

"မိန်းကလေး တစ်ယောက် ရေချိုးနေတာကို နင်ဒီလို ဝင်လာစရာလား "

"ငါလည်း မိန်းကလေးပဲလေ "

ငါလေးက ကြောင်ဆိုပေမယ့် အမပဲကို ဒီအမျိုးသမီး ဘာတွေ စိတ်ပူနေမှန်း မသိ။

"နင်က နည်းနည်းတော့ အသုံးဝင်သား နင့်မှာ နာမည် ရှိလား "

ဒီကြောင်က ငါ့ကို အရင် ဆူးခက်နွယ်ရဲ့ အကြောင်းတွေ အကျဉ်းချုံး ပြောပြထားသည်လေ ။

"ငါ့မမက ငါ့ကို ကလေးလေး လို့ ခေါ်တာ "

"ငါ စိတ်ပျက်လိုက်တာ ငါ့ဆီကတော့ အဲ့တာမျိုး ကြားရမယ် မထင်နဲ့ "

"ဟွန်း ငါကလည်း နင့်ဆီက အခေါ်မခံချင်ပါဘူး "

လေသံမာမာနှင့် ပြောလိုက်သည့် အဖြူလုံးကို ကြည့်မရ ။ ငါ့ ခြေထောက်တွေကို အပေါ် မြှောက်လိုက်ပြီး ဘန်းကနဲ ကြွေဇလုံထဲ ပြန်ချလိုက်သည် ။

Heartless killer !Where stories live. Discover now