Ep _ 16

1K 96 4
                                    

Ep _ 16

"မင်း ၈ တန်းကတည်းက တစ်ဖက်သတ် ချစ်ခဲ့တာလေ မမှတ်မိဘူးလား "

"သြော် ဟုတ်လား "

သြော် ဟုတ်လား ?

ခံစားချက် ရှိပုံလည်း မရ ။ မျက်နှာသေဖြင့် ခပ်တိုးတိုး ရေရွတ်နေသည် ။ အသေရရ အရှင်ရရ ချစ်ခဲ့တာ သူမ မမှတ်တော့ဘူးတဲ့လား ။ အတိတ်မေ့သည် ဆိုဦးတော့ နှလုံးသား နည်းနည်းပါးပါး အချက်ပြမှပေါ့ ။

သူမ အသက်ထက် ချစ်ခဲ့သူကို လည်ပင်းညှစ်လိုက်တာ အံ့သြလို့ မဆုံး ။

"ဝင်တော့ "

"အင်း ကောင်းကောင်းပြန်နော် ဆူးခက် "

ဘာမှပြန်မဖြေ ။ စူးကနဲ တစ်ချက် ပြန်ကြည့်ကာ ကားပေါ် တက်သွားလေသည် ။ သတ်မှတ်ထားသည့် အရှိန်ထက် ပိုမောင်းသွားသော ကားကို ကြည့်ပြီး စိတ်ပူရပြန်သည် ။

' ဘယ်လို ကောင်မလေးလည်းကွာ '

ဧည့်ခန်းထဲ ဝင်လာတော့ အဖေက အရက်ခွက်ကို ကိုင်ပြီး ရီဝေဝေဖြင့်  နံရံကို ငေးကြည့်နေလေသည် ။

"အဖေ "

အသံကြားတော့ လှည့်ပြီး မျက်နှာက တည်တင်းသွားသည် ။

"မင်း ခုနက ဘာလုပ်လိုက်တာလဲ စစ်မင်း "

"ကျွန်တော် ဘာလုပ်မိလို့လဲ "

အရက်ခွက်ကို စားပွဲပေါ် စောင့်ချပြီး ဒေါသထွက်နေဟန်ဖြင့် ပြောသည် ။

"လူကြီးတွေ အများကြီး ရှေ့မှာ မိန်းမ တစ်ယောက်ရဲ့ ခြေထောက်ကို ကိုင်စရာလား "

ကျွန်တော် သက်ပြင်းသာ ချမိသည် ။ အဖေ ချခွဲလိုက်တဲ့ ဖန်ခွက်က ဆူးခက်ရဲ့ ခြေဖမိုး နုနုလေးကို စိုက်သွားတာကျ ထည့်မပြော ။

"အဖေ ရှားမြတ်သွင် တို့နဲ့ ဘာတွေ ငြိထားတာလဲ "

စကားလမ်းကြောင်း လွှဲသည် ထင်ရသော်လည်း မေးသင့်တာ မေးမှ ဖြစ်မည် ။

"ဒါ ငါတို့ စီးပွားရေး ကိစ္စတွေပါ မင်းနဲ့ မဆိုင်ဘူး "

"ဆိုင်လို့ မေးနေရတာဗျ ခုနက ရှားမြတ်သွင် ရဲ့ လူတွေ ဝိုင်းရိုက်တာ ခံရတော့မလို့ "

Heartless killer !Where stories live. Discover now