11.

985 92 0
                                    

Ep - 11

ကြီးမားသော ခြံဝင်းကြီးထဲ ခြေချလိုက်သည်နှင့် ငါ ဝင်ထားသည့် ပိုင်ရှင် ကလေးမရဲ့ အဖေက ဘယ်လောက်ထိ ချမ်းသာမှန်း သေချာ သိသွားသည် ။ မြန်မာပြည်ကို ပြန်လာလိုက်တာ ငါ့ ဆုံးဖြတ်ချက် တကယ် မှန်သွားသည် ။

"ဘာလို့ ဒီလောက်ထိ ချမ်းသာနေကြတာလဲ "

ဘေးနားမှာ လှုပ်လှုပ် လှုပ်လှုပ်ဖြင့် လမ်းလျှောက်နေသော အဖြူလုံးကို မေးလိုက်တော့ ....

"ဘိုးဘွားစဉ်ဆက် ချမ်းသာတာလေ ဒါ့ပြင် စီးပွားရေး ဆန်ဆန် လက်ထပ်ထားတာကိုး ဘိုးတော်က ငွေ စီမံခန့်ခွဲတာ သိပ်တော်တာ အုပ်ချုပ်မှုလည်း တအား ကောင်းတယ်"

အနည်းငယ် ဂုဏ်ဆာနေသည့် ပုံစံဖြင့် ပြောနေသော အဖြူလုံး ။ အင်း အခုတော့ သူက မေရီပေါ့ .... ငါ ရက်ရက်ရောရော ပေးထားသည့် နာမည်လေး ။

ဧည့်ခန်းထဲ ဝင်လိုက်သည်နှင့် laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော ဘိုးတော် .... တစ်နည်းအားဖြင့် ပြောရရင် ငါ့အဖေ ။ ဘေးက စာရွက်တွေ စီနေသည့် ကောင်မလေးကတော့ ရှင်းပြဖို့  မလိုအောင် လန်းသည် ။

ဘာ ရာထူးမှန်း မသိသော်လည်း စိတ်ပါရင် မော်ဒယ်လုပ်လို့ ရသည့် ပုံစံမျိုး ။

"ပါး "

Laptop ကို ပိတ်ပြီး မော့ကြည့်သည် ။ နောက်တော့ ဘေးက အဖြူလုံးက သတိလှမ်းပေးသည် ။ ငါ တစ်ယောက်ပဲ နားလည်နိုင်သည်မို့ တော်သေးသည် ။ ကျန်တဲ့သူတွေကတော့ "ညောင် " ဆိုသည့် အသံလေးသာ ကြားနိုင်သည် ။

"ပါး မဟုတ်ဘူး ဒယ်ဒီဟဲ့ ! "

အခေါ်အဝေါ်က အရေးမကြီးတာမို့ အဖြူလုံး စိတ်တိုင်းကျ ပြောင်းပေးလိုက်သည် ။

"ဒယ်ဒီ "

"ပြန်ရောက်ပြီလား ခက် "

ငါ ဆိုဖာပေါ် တက်ထိုင်လိုက်သည့် ကြောင်ကို တစ်ချက်ကြည့်တော့ အဖြူလုံးက အလိုက်တသိ သတင်းပေးသည် ။

"သူက candy ကို ခက် လို့ပဲ ခေါ်တာ ဆူးခက်နွယ် ဆိုတာ သူပေးထားတဲ့ နာမည် "

ကြည့်စမ်း .... ဘိုးတော်က နာမည် ပေးတာ အဆင်ပြေလိုက်တာ ။ ငါ လည်း ငါ့ကိုငါ သမီးလို့ မသုံးချင် ။ ငါ လို့ ပြောရင်လည်း ရိုင်းရာကျဦးမည် ။

Heartless killer !Where stories live. Discover now