13.

960 93 1
                                    

Ep - 13

မေရီ .... ။

မေရီ ဆိုသည့် နာမည်ကို ကြားလိုက်ရတော့ သွေးတွေ ဆူပွက်လာသည် ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သတ်လိုက်သည့် လင်မယား၏ သမီး ။ နောက်တော့ တရုတ်ကို ပို့ခဲ့ပြီး သတင်း မကြားတော့ ။

အခုမှ ရုတ်တရက် ဒီနာမည်က ဘာလို့ ပေါ်လာသည်လဲ ?

ဒီအကြောင်းတွေ သိနေလို့လား .... ။

"ခွမ်း ! "

ကြောက်စိတ်ကြောင့်ရော တုန်လှုပ်မှုကြောင့်ပါ လက်ထဲက ဖန်ခွက်က ကျကွဲသွားသည် ။ ဘာကိုမှ ဆုပ်ကိုင်မထားနိုင်တော့ ။

ချည်နှောင်ထားသည် ကြိုးတွေကြားမှ စူးစိုက်ကြည့်နေသည့် မျက်ဝန်းတွေ ...
နှိပ်စက် ဒဏ်ရာများကြောင့် သွေးအလိမ်းလိမ်း ဖြစ်နေသည့်ကြားက နာကျည်း မုန်းတီးနေကြသည့် မိသားစု၏ ရွံရှာ စက်ဆုပ်စွာ ကြည်နေသည့် အကြည့်များ ။

ဘဝမှာ မေ့ထားခဲ့သည့် သွေးပျက်ဖွယ် အချိန်များကို တွေးမိတော့ ကြောက်လန့်လာမိသည် ။ တစ်စုံ တစ်ယောက်ကများ သိသွားခဲ့ရင် ... ။

လက်တွေ တုန်လာသည်ကို မြင်တော့ ဆူးခက်က ပကတိ တည်ကြည်စွာ ငေးကြည့်နေသည် ။ အံ့သြနေဟန်ဖြင့် ။

ကျကွဲ သွားသည့် ဖန်ကွဲစတွေက ဆူးခက် ခြေထောက်တွေ စိုက်ပြီး သွေးအလိမ်းလိမ်း ထွက်နေသည် ။ ဆူးခက်ကတော့ နည်းနည်းလေးမှ မနာသည့် ပုံစံဖြင့် ။

တစ်ချက်လေးတောင် မညည်းညူ ...
အေးဆေးစွာ ငေးကြည့်နေသည် ။

"အန်ကယ် ? ဘာဖြစ်လို့လဲ .... တစ်ခုခု ဖြစ်လို့လား "

သွေးပျက်စွာ တုန်လှုပ်နေသည့် ဒင်းကို မြင်ရတာ ငါ သိပ်ပြီး ကျေနပ် အားရသည် ။ ဒါပေါ့ ဒီလောက်လေးတော့ ပြန်ခံစားဦးမှပေါ့ ။

မကောင်းမှု လုပ်ထားပြီး အကုန်မေ့ကာ သူတော်စင်လို ဟန်ဆောင်နေလို့ ရမလား ? နည်းနည်းလေးတော့ စိတ်သောက ရောက်ဦးမှပေါ့ ။

လူနှစ်ဦးကို သတ်ပစ်ပြီး လူတစ်ဦး၏ ဘဝကို ဖျက်စီးခဲ့သည့် လူမျိုးက အကုန်မေ့ပြီး ပျော်နေလို့ ရမလား ?

Heartless killer !Where stories live. Discover now