9.

1K 100 1
                                    

Ep - 9

"ငါ့အထက်လူကြီးကို "

"အံမယ် ဖုန်းတွေ ဘာတွေနဲ့ "

"21 ရာစုလေ မင်းမေ့နေလား "

"Goblin ကိုရီးယားကားထဲမှာ ဦးဦး သေမင်းက ဖုန်းမသုံးတတ်ပါဘူး "

"မင်း အရမ်းစကားများတယ် အဲ့တာ ဇာတ်ကားလေ "

Gege က ချောသလောက် လူကို အရမ်း အော်တာပဲ ... အရမ်း ချောနေလို့ ခွင့်လွှတ်လိုက်ပါမယ်လေ ။

"Aigoo ဖုန်းပြောနေတာတောင် ချောနေတုန်း "

ဖုန်းချပြီး Gege က သက်ပြင်းချသည် ။

အင်း ဒါလဲ ချောတာပဲ ။

"ဘာတဲ့လဲ "

"အတွင်းရေးမှူးတော့ ခန့်ပေးလို့ ရတယ်တဲ့ "

"အဲ့တော့ candy က ဘာတွေ လုပ်ပေးရမှာလဲ "

"တောက်တိုမယ်ရ "

"ဘာ ! "

မကြိုက်ရင်နေလေ ဆိုသည့် မျက်နှာပေးဖြင့် ... Gege က ခုလိုလည်း စိတ်ပုတ်တတ်သည် ။

ဒါပေမယ့်လည်း ချောနေဆဲ ခိခိ ။

"အင်း လောလောဆယ် ထိုင်းကို လိုက်ပို့ဦး P' တို့ fan meeting သွားရမယ် "

"ဝိဉာဉ်ဖြစ်တာနဲ့ နိုင်ငံတိုင်း လျှောက်သွားလို့ ရပြီ ထင်နေလား သက်ဆိုင်ရာ အတားအဆီးတွေ ရှိတယ် "

"Gege လိုက်ရှင်းပေးလေ Gege တစ်ယောက်လုံး ရှိနေတာပဲ အူးမွ "

မျက်လုံး တစ်ဖက် မှိတ်ပြီး ပါးကို လာနမ်းသည့် ပေါက်စမ ။

"ငါမင်းကို အဖြေမပေးရသေးဘူး "

"မလိုဘူး candy က ချစ်နေရရင် ပြီးတာပဲ "

"မင်း ကိုယ်ခန္ဓာကို ဘယ်လို လုပ်မှာလဲ "

"အင်း မေရီ Unnie သာ သုံးမယ်ဆို အရမ်း မိုက်သွားမှာ သေချာတယ် "

"နောက်မှ ပြန်လိုချင်လို့ မရဘူးနော် "

"Gege လည်း candy ကို နောက်မှ နှင်ထုတ်လို့ မရဘူးနော် "

ပြုံးစစ ညုတုတု မျက်နှာပေးက ရိုက်သတ်ချင်စရာ ။ ပေါက်စမကို ခဏ ထားပြီး မေရီ ဆီကို လျှောက်သွားပြီး သူ့ရဲ့ နားအနားကို ဝှေ့ရမ်း လိုက်သည် ။

"Wow မှည့်လေး ! ဘယ်လို လုပ်လိုက်တာလဲ "

"မင်းအရင် အကြောင်းတွေကို မင်းကြောင်ဆီက နားထောင်လို့ ရအောင်လို့လေ "

"Gege က တော်လိုက်တာ "

Candy ကိုယ်လေးကို ထိကိုင်ရင်း unnie ကို တိုးတိုးလေး ပြောလိုက်သည် ။

"Candy ကို မမမေရီ ပိုင်သွားပြီ ကောင်းကောင်း ဂရုစိုက်နော် "

>>>>>>>>>

"နိုးပြီလား "

"ငါ ... ငါ အိပ်မက် မက်နေတာလား ? "

"မဟုတ်ဘူး တကယ် ဖြစ်ခဲ့တာ နင်က အဲ့တုန်းက အသိစိတ်မရှိတော့ ဘယ်သိမလဲ "

ကြောင်ဖြူလုံးက သူ့အမြှီးကို ဆော့ကစားရင်း ပြန်ဖြေသည် ။

ဘာတွေလဲ ? ငါ ... ငါ ရူးသွားပြီလား ?

ငါဘာလို့ ထူးဆန်းတာတွေ ကြုံနေရတာလဲ ?

ငါ စိတ်ပျက်လိုက်တာ !

"မျက်နှာက ဘာဖြစ်နေတာလဲ ငါ့ candy လေးက ဘယ်လောက် သဘောကောင်းလဲ မြင်ပြီလား "

ချစ်စရာ ကလေးမလေး ဆိုတာတော့ အမှန်ပင် ။ ငါနဲ့ လုံးဝ ကွဲပြားသည်လေ ။

"ဒါဆို .... ငါတကယ်ကြီး ဒီလိုတွေ ကြုံခဲ့တာလား "

"နင်ကလေ ထက်မြတ်မလိုလိုနဲ့ ဘာလို့ အူကြောင်ကြောင် ဖြစ်နေတာလဲ ငါလို ကြောင်တောင် နားလည်သေးတယ် "

"ပါးစပ် ပိတ်ထားစမ်း ! သတ်ပစ်လိုက်ရ "

"ဂီး "

"မာန်ဖီ မနေနဲ့ ကြောင်စုတ် "

အင်းလေ ယုံနိုင်စရာ မရှိပေမယ့် ကံကြမ္မာက ဒီလို ဖြစ်လာမှတော့လည်း ဒီတိုင်း ဆက်သွားရုံပေါ့ ။ ငါ S.I.T Group ကို ပြိုလဲအောင် လုပ်ရဦးမှာ ။

"အဲ့ အင်္ကျီ ချွတ်စမ်း ! ဒါ candy ရဲ့ crush ရှပ်အင်္ကျီ "

"Crush ? ချစ်နေတဲ့သူ ? "

"ဟုတ်တယ် အရင် crush "

အချစ်ဆိုတာ ငါနဲ့ မသက်ဆိုင် ။ တစ်ခုမှလည်း မခံစားဖူးခဲ့ ။ ငါကတော့ အချစ်ကို မယုံ ။ ဒီကလေးမနဲ့ ငါက တစ်ခုမှကို မတူတာပါလား ။

"သူက ဘယ်သူလဲ စစ်မင်းနိုင် လား "

"ဘယ်ကသာ မဟုတ်ဘူး "

"သူ့ နာမည်က ? "

"ရှားမြတ်သွင် "

ငါလည်း ကြောင်ဆီကနေ candy အကြောင်းတွေ မေးရတော့မှာပါလား ။
ဆူးခက်နွယ် ဖြစ်နေပြီ ဖြစ်သည့် ငါက အရင် အကြောင်းတွေလည်း သိမှ ဖြစ်မည် ။

ငါက မြန်မာပြည် ပြန်တော့မှာ ဆိုတော့ !

>>>>>>>>>>>>>

Heartless killer !Where stories live. Discover now