ကျတော်ကောင်တာမှာမိန့်မိန့်ကြီးထိုင်ပြီး
ငေးငိုင်နေတုန်း ဆိုင်ကwaiterလေး
အော်ခေါ်မှပဲ သတိဝင်တော့တယ်

Plan: Jinဘာဖြစ်လို့ အဲလောက်အော်နေတာလဲ

Jin: ကျတော်pကိုငွေရှင်းပေးဖို့ပြောနေတာ
သုံးခါလောက်ရှိပီ ပြောတာလည်းမကြားဘူး

Plan:ဟေ့ကောင် ငါကြားတယ်
ဘယ်လောက်ပြန်ပေးရမလဲလို့စဉ်းစားနေတာ

Jin:ဗြောင်လိမ်ပြန်ပီ လင်ပူမိနေတဲ့ရုပ်နဲ့

Plan:မင်းဘာပြောလိုက်တာလဲ မင်းပြောနေတာ
မင်းအလုပ်လုပ်နေတဲ့ပိုင်ရှင်နော်
မင်းအမေနဲ့ငါနဲ့သိတယ်ဆိုပြီး
မခန့်လေးစားလာမလုပ်နဲ့

Jin:Mommyတို့ကလည်းလေ
ဘာလို့ဒီလိုဘဝင်ရူးဆီမှာအလုပ်လုပ်ခိုင်းမှန်းကိုမသိဘူး
ဒီမှာကျွန်တော်ကလည်းအလုပ်အရမ်း
လုပ်ချင်နေတယ်လို့တော့မထင်နဲ့

Plan:အဲတာဆိုလည်း အလုပ်ထွက်လေ

Jin: ထွက်မှာ အခုကိုထွက်မှာ

Plan POV

ကျတော်ပြောတာကိုစိတ်ဆိုးပြီး
ဆိုင်ဝန်ထမ်းတွေဝတ်တဲ့
ကော်ဖီရောင်Apronကိုဆတ်ခနဲဆွဲချွတ်
စားပွဲပေါ်ကိုဆောင့်ခနဲ့ပစ်ချပြီး
ဆိုင်ထဲကထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး
ခေါင်းသာခါလိုက်တော့တယ်

ပိုက်ဆံအခက်အခဲရှိလို့ဆိုင်မှာ
အချိန်ပိုင်းအလုပ်သမားလာလုပ်တာမဟုတ်ပဲ
ပိုက်ဆံတန်ဖိုးသိအောင်ဆိုပြီး
သူ့အမေကသူကိုယ်တိုင်ကျတော်ဆိုင်ကိုလာပြီး
ဆိုင်မှာအလုပ်တစ်ခုခုလုပ်ခိုင်းပါလို့
အကူအညီတောင်းလို့
ဒီလောက်ထီသည်းခံနေတာ

မြင်ယောင်ပါသေးတယ်
နက်ဖြန်ကျရင်သူ့အမေဆိုင်ကိုလာပြီး
ကျတော်ကိုတောင်းပန်အုံးမှာ
ကျတော်ကလည်းအားနာတော့
ပြန်ပြီးလက်ခံ

သူ့အမေနဲ့ကျတော်
ဒီလိုအပေးအယူမျှနေတာကို
ဒီခွေးကောင်လေးက
အထာနပ်နေတော့
လုပ်ချင်သလိုလုပ်တော့တာ

အခုလည်းကြည့်အုံး ဆိုင်သိမ်းခါနီးမှ
ထွက်သွားတယ် ဒီနေ့သန့်ရှင်းရေးလုပ်တဲ့
ဲ့ကောင်လေးကလည်း ခွင့်ယူထားတာမို့
ဆိုင်ကိုတစ်ယောက်တည်းသိမ်းရတော့မယ်

Hurt LoveWhere stories live. Discover now