Guileful Cirrus Denouement>Part 4

470 56 0
                                    

Unicode (zawgyi below)

Jaehyun's POV

ဆေးရုံဆိုသည့် ကျွန်တော်အမုန်းဆုံးနေရာတစ်ခုကို ကျွန်တော်အချစ်ရဆုံးလူတစ်ယောက်ကိုထားရတဲ့ အနာကျင်ရဆုံးအချိန်တစ်ခုကျွန်တော့်ဆီကို ကံကြမ္မာကထပ်ပို့ခဲ့တယ်

"ဆရာ!!!! ဒေါက်တာာ!!!"

"ခဏလေး ခဏလေး ကျွန်တော်တို့စမ်းကြည့်ပါ့မယ်"

ကျွန်တော့်ဘေးနားမှာရှိနေတဲ့ Yiyang လည်းခြေတုန်လက်တုန်နဲ့ စိုးရိမ်ပူပန်မှုကြီးနေပုံရသည်

"နင်ဘာလို့ Taeyong ကိုသေချာဂရုမစိုက်တာလဲ" လို့ Johnny တုန်းကလိုအပြစ်တင်ပြီးဆူလိုက်ချင်ပေမယ့် Yiyang ကိုတော့ကျွန်တော်မဆူခဲ့ဘူး။ ကျွန်တော့်လက်ထဲက ပတ္တမြားခဲကိုချောင်းနေတဲ့ နဂါးတစ်ကောင်အတွက် ဒီစကားဟာမသင့်တော်ဆုံးပဲဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်သူ့ကိုဘာစကားမှမပြောဘဲ ဘယ်လိုဖြစ်တာလဲ ဆိုတာကိုပဲမေးလိုက်မိသည်။

ဒေါက်တာရဲ့ဘေးနားမှာရှိတဲ့ သူနာပြုတွေလက်ထောက်ဆရာဝန်လေးတွေကလည်း မျက်ကွေးတွေညိုပြီးအားမရှိ သတိမရှိတဲ့ Taeyong ရဲ့ခန္ဓာကိုယ်ကို အပ်နဲ့ဖောက်လိုက် စက်တွေတင်လိုက်နဲ့ဆန်းစစ်နေကြသည်

ရဲ case နဲ့လည်းငြိနေတာဖြစ်တာကြောင့် ရဲဝန်ထမ်းအချို့လည်းအရေးပေါ်အခန်းထဲရောက်နေကြသည်

"သွေးထဲမှာ cocaine ဓာတ်တွေတွေ့နေရတယ် ဒေါက်တာ"

သွေးဖောက်ပြီး ၂ နာရီအတွင်း အားချင်းစစ်ကာထွက်လာသောအဖြေကို သူနာပြုတစ်ယောက်က အခန်းထဲဝင်ကာပြောလာသည်။

"dose လွန်သွားတာနေမယ် ဒါ့ကြောင့်နှလုံးခုန်နှုန်းတွေအရမ်းနှေးနေတာ"

ကျွန်တော်လည်းဆေးပညာကိုနားမလည်တာကြောင့် အမ်းတမ်းတမ်းနဲ့သူတို့ပြောသောစကားတွေကို အတင်းလိုက်နားထောင်ပြီး ဘာသာပြန်နေရသည်။ ဒီကြားထဲ ကုတင်ပေါ်မှာ မရှုမလှသတိလစ်နေသော Taeyong ကိုတွေ့တွေ့နေရတော့ သူတို့ပြောတဲ့ဆေးပညာတွေကကျွန်တော့်အတွက်တော့ ကုမရတော့တဲ့ရောဂါဆိုးကြီးတစ်ခုလိုထင်မှတ်မိတယ်

"Lee Taeyong. ဆေးကျောင်း တတိယနှစ် "

ကျွန်တော့်ဘေးက ရဲတစ်ယောက်က ဘောလ်ပင်တစ်လက်နဲ့စာရွက်ပေါ်မှာတချက်ချက်ချရေးတော့သည်

Guileful Cirrus Where stories live. Discover now