Guileful Cirrus Ch-29

627 75 11
                                    

Unicode (zawgyi below)

Jaehyun's POV

"knock knock"

"အစ်ကိုလေး အတွက်ညစာလာပို့တာပါ"

ညဘက်အချိန်မှာ ညစာလာပေးတဲ့ Johnny ရဲ့လက်ကိုအမြန်လှမ်းဖမ်းကာ လက်ညှိုးနဲ့နှုတ်ခမ်းကိုတေ့ကာအသံမထွက်ရန်အချက်ပြလိုက်သည်။

အသင့်ရေးထားသောစာရွက်ကို Johnny ကိုပြလိုက်သည်။

📝 အပြင်မှာဘာတွေဖြစ်နေလဲ📝

Johnny ကစာရွက်ကိုယူပြီးအမြန်ပြန်ရေးပေးလိုက်တယ်

📝 နောက် ၈ ရက်နေရင် မမလေးကမင်္ဂလာပွဲလုပ်တော့မှာမို့ အလုပ်ရှုပ်နေကြတယ်📝

Johnny ရေးပေးတဲ့စာရွက်ကိုအမြန်လှမ်းယူလိုက်တယ်

"အချိန်ပြည့်ပြီ ခင်ဗျားထွက်တော့"

ထုံးစံအတိုင်း တံခါးအပြင်ကစောင့်နေတဲ့ guard ရဲ့အသံကိုကြားလိုက်ရသည်။

တကယ်ကို တစ်မိနစ်တောင်မပြည့်ချင်တဲ့အချိန်ခဏလေးမှာ သတင်းယူရတာ ချွေးပြန်စေတဲ့အပေးအယူတစ်ခုဖြစ်တယ်။ တစ်အိမ်တညနေပြီး အိမ်ထဲမှာဘာဖြစ်နေလဲဆိုတာမသိရလောက်တဲ့အထိကို ကျွန်တော် မျက်စိပိတ်နားပိတ်နဲ့ အခန်းတစ်ခန်းထဲမှာချိတ်ပိတ်ခံထားရတာပဲဖြစ်သည်

နောက် ၈ရက်နေရင် မင်္ဂလာဆောင်တော့မယ်တဲ့လား? ဒါဟာနောက် ၈ရက်နေရင်ဒီအိမ်ပေါ်ကို Yuta တရားဝင်လာနေတော့မယ့်သဘောပဲ။ ကျွန်တော့်ကိုတောင်အသိမပေးဘဲလုပ်နေရအောင်ကျွန်တော်ကသူ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှထင်ကြေးမပေးနိုင်တော့တဲ့အပြင်လူဖြစ်နေလို့လား? အစ်မဖြစ်သူရဲ့လုပ်ရပ်တွေကိုကျွန်တော် အတော်လေးရင်နာရသလိုစိတ်လည်းပျက်မိတယ်။

အဲ့လိုသတ်မှတ်ထားရင်လည်းကျွန်တော့်ကိစ္စကိုလည်းလွှတ်ထားလိုက်ပါတော့လား

ဘာ့ကြောင့်များလိုက်ဝင်စွက်ဖက်ပြီးအတင်းလိုက်ခွဲနေရသေးတာလဲ? သူကမပြောပေမယ့် ကျွန်တော်သူ့အကြောင်းတွေသိနေရတာပဲ။ BoA ကလည်းသူချစ်တဲ့ဂုဏ်ဆိုတာကို Yuta ကပိုင်ဆိုင်ထားလို့ ကိုယ်ကျင့်တရားမကောင်းလည်း လက်ထပ်တယ် Yuta ကလည်းသူချစ်တဲ့ငွေရှိနေလို့ BoA ကိုလက်ထပ်တယ်။

Guileful Cirrus Where stories live. Discover now