Guileful Cirrus Ch-38

471 69 1
                                    

Unicode (zawgyi below)

Jaehyun's POV

ကျွန်တော်အလောသုံးဆယ်အပ်နှင်း၍မောင်းခိုင်းသောကားသမားဦးလေးကြီးရဲ့ကားမောင်းစွမ်းရည်ကြောင့် ရဲစခန်းအရှေ့ကိုနောက်ဆုံးမှာတော့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်

ရဲစခန်းထဲကိုအမြန်ပြေးဝင်လိုက်မိသည်။

ရဲစခန်းထဲရောက်ရောက်ချင်းကြည့်မိလိုက်တာက အကျဉ်းသားတွေချုပ်ထားရာ ထောင်အခန်းထဲကိုသာဖြစ်သည်။

ကျွန်တော်ဝင်လာတော့ အခုလတ်တလောနာမည်ကြီးနေသူတစ်ယောက်ပီပီ ရဲတွေရော အခြားအကျဉ်းသားတွေကရဲ့ပြုံအောနေတဲ့အကြည့်ပေါင်းစုံရဲ့အကြည့်ကိုခံရတယ်

ရဲတွေနဲ့စုံထောက်တွေကလည်းကျွန်တော့်ကိုမတ်တပ်ရပ်ကာအရိုအသေပေးကြတယ်

ကျွန်တော်ဆိုတဲ့ လူအများရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့လူတစ်ယောက်ဝင်လာတာကြောင့်ရဲတွေက အရိုအသေပေးကြတာမဟုတ်။ စည်းစိမ်အရှိန်အဝါသက်သက်ကြောင့်သာဖြစ်တယ်

"Taeyong ရော?"

အခုအချိန်မှာကျွန်တော်ကဘာကိစ္စကြောင့်နာမည်ကြီးနေလည်းကျွန်တော်ဂရုမစိုက်တော့။

မေးလိုက်မိတာဟာ သူ ဘယ်မှာလဲဆိုတာပဲဖြစ်တယ်

"စောနလေးကတင် မိန်းကလေးတစ်ယောက်အာမခံနဲ့လာထုတ်သွားတယ်"

"မိန်းကလေးတစ်ယောက်?"

မိန်းကလေးတစ်ယောက်ဆိုတဲ့ဝေါဟာရအသုံးအနှုန်းတစ်ခုဟာကျွန်တော့်အသည်းကိုဓာတ်ဆီလောင်းချလိုက်ပြီဖြစ်သည်

"တိုင်းအဆင့်အမတ်ရဲ့သမီးလေ Yiyang ဆိုလား ဘာလား"

"ဟာာ!!!"

ရဲစခန်းထဲကပြေးထွက်လိုက်ချိန်မှာ ကျွန်တော့်အသည်းမီးမြိုက်သွားပြီဖြစ်တယ်။

Yiyang

Yiyang ကဘယ်ကနေဘယ်လိုပါလာရတာလဲ?

Taeyong နဲ့နီးစပ်ဖို့ဒီလောက်ကြိုးစားနေရတဲ့အချိန်မှာ Yiyang ကဘာ့ကြောင့်ပါလာရပြန်တာလဲ? စိတ်ဖိစီးမှုတွေတစ်ခုပြီးတစ်ခုထပ်တိုးလာရတယ်။ သူကအခုထိ နှစ်တွေကြာသွားတာတောင် Taeyong ကိုလက်မလျှော့သေးဘူးလား

Guileful Cirrus Where stories live. Discover now