Guileful Cirrus Ch-54

571 63 0
                                    

Unicode (zawgyi below)

Taeyong's POV

လက်ထဲက ကိရိယာလေးကိုခလုတ်ဖွင့်လိုက်ပြီးနောက် ကျွန်တော့်နားကိုထိုလူကဖြည်းညှင်းစွာကပ်လာတယ်။ သူ့ရဲ့ချဉ်းကပ်ခြင်းမှာ နွေးထွေးသောကြင်နာမှုတွေအလျင်းမဲ့ပြီး သွေးအေးသောရက်စက်မှုတွေပါဝင်နေသည်။

Jaehyun ရဲ့ရနံ့တို့ ရှိနေတဲ့အပေါ်ရုံအင်္ကျီကထောင်နေတဲ့ကော်လံလေးကို ထိုလူကဖယ်လိုက်ပြီး ပေါ်သွားတဲ့ကျွန်တော်လည်ပင်းကို သူကိုင်ထားတဲ့စက်နဲ့ တို့လိုက်သည်

"အားးးး"

အသံကျယ်ကျယ်အော်မိခါမှ ကျွန်တော်အောက်နှုတ်ခမ်းကိုပြန်ကိုက်ချလိုက်တယ်

စက်နဲ့တို့တို့ချင်း လည်ပင်းသွေးကြောတွေပြတ်ထွက်သွားလောက်တဲ့အထိ ကျင်တက်သွားတယ်။

ထိုစက်ဟာ လျှပ်စီးကြောင်းတို့စီးမျောနေတဲ့ လျှပ်စစ်စက်သာဖြစ်လိမ့်မည်

စက်ကိုအတော်ကြာအောင်လည်ပင်နားကပ်ထားပြီးမှ ပြန်ခွာလိုက်သည်။ စက်ကိုလည်ပင်းကနေပြန်ခွာလိုက်ချိန်မှာ စက်ထိတွေ့ခဲ့ရာကျွန်တော့်ရဲ့လည်ပင်းတစ်ဝိုက်လှုပ်ရှားဖို့ရာသိပ်ခက်ခဲသွားတယ်။

လည်ပင်းအသားနဲ့ သွေးကြောတို့ကို ဝါယာကြိုးဖောက်ခနဲပြတ်ထွက်သွားတဲ့အထိ ခြယ်လှယ်ပြီးခါမှထွက်သွားရတဲ့လျှပ်စီးကြောင်းကခဏတာရပ်တန့်သွားတယ်

ကျွန်တော်ကိုယ်လည်းဆတ်ခနဲ တင်းထားရာကနေအောက်ကိုပြန်စိုက်ကျလာသည်

"အခုမှ လျှပ်စစ်နဲ့အတို့ခံဖူးတာလား"

သူ့ရဲ့လှောင်ပြောင်မှုအမေးကိုကျွန်တော်ပြန်မဖြေနိုင်

"ဒါဆို လျှပ်စစ်နဲ့အတို့ခံရတာများရင် သေတတ်တယ်ဆိုတဲ့ ဗဟုသုတလည်းဘယ်ရှိပါ့မလဲ"

ခပ်ဟဟရယ်လိုက်ပြီးနောက် နောက်တစ်ချက်လျှပ်စစ်နဲ့ထပ်တို့လိုက်တယ်

ဒီတစ်ခါတော့ စောနကလိုလည်တိုင်နားမဟုတ်ဘဲ လည်စေ့အောက်စက်နားဖြစ်လို့ သေမလိုခံစားလိုက်ရတယ်။

"အားးးးး"

အသံအိုးကိုလျှပ်စစ်နဲ့တိုက်ချလိုက်သလို အရမ်းကျင်တက်သွားရတယ်

Guileful Cirrus Where stories live. Discover now