Guileful Cirrus Ch-53

360 48 0
                                    

Unicode (zawgyi below)

Taeyong's POV

ခေါင်းတွေကျိန်းလိုက်တာ

ကျွန်တော့်ခွန်အားတွေတစ်စက်ကလေးမှမရှိတော့သလိုခံစားနေရတယ်

မျက်ခွံတွေကိုလေးလံစွာနဲံအပေါ်ပင့်လိုက်မိချိန်မှာ အနက်ရောင်တံခါးအကြီးကြီးကို မသံကွဲဘဲ ၂ ထပ်မြင်နေရတယ် မှုန်ဝါးနေပေမယ့် ကျွန်တော်သိလိုက်ရတာက ဒါဟာကျွန်တော့်အိမ်လည်းမဟုတ်သလို Jaehyun ရဲ့အိမ်လည်းမဟုတ်ဘူး။ ကျွန်တော်ခေါင်းကိုအနည်းငယ်ခါကာမျက်လုံးခဏမှိတ်ထားလိုက်မိသည်။ ပြန်ကြည့်လိုက်တော့ ကျွန်တော်မြင်နေရတဲ့အရာတွေနည်းနည်းကြည်လာတယ်

ကျွန်တော်မြင်နေရတာတွေက မှန်တွေကွဲနေတဲ့ပြတင်းပေါက်အစုတ်တွေ ၊ မီးချောင်းတွေမလင်းတဲ့ နေရာတစ်ခု၊ မျက်နှာကျက်တွေဟာအကောင်းအတိုင်းမဟုတ်တော့ဘဲ ယိုယွင်းနေတယ်။ ဖုန်နဲ့သဲတွေအပြင် မသုံးတော့တဲ့သစ်သားချောင်းတစ်ချို့ရှိနေတယ် ကြမ်းပြင်ဟာသံမန်တလင်းဖြစ်လို့အေးစက်နေတယ် ဟောင်းနွမ်းနေတဲ့ သစ်သားခုံ လေးခုံလောက်ရှိနေပြီး စားပွဲခုံတစ်ခုက ကျွန်တော်နဲ့ဝေးတဲ့နံရံထောင့်ဘက်မှာရှိနေတယ်

အရှေ့ဘက်မှာ အနက်ရောင်တံခါးအကြီးကြီးရှိနေပြီး ဟိုဘက်နံရံမှာတော့ လူတစ်ကိုယ်စာဝင်လို့ရတဲ့တံခါးပေါက်တစ်ခုရှိနေတယ်

အာရုံနည်းနည်းကြည့်လာတော့ ကျွန်တော်ထိုင်ရာကထဖို့ကြိုးစားမိပေမယ့် အချည်းနှီးသာဖြစ်ခဲ့ရတယ်

ကျွန်တော့်ရဲ့လက်မောင်းအကြောတွေတောင့်တင်းနေရခြင်းအကြောင်းဟာ ကျွန်တော့်ကိုနောက်ပြန်ကြိုးတုပ်ထားတာကြောင့်ဖြစ်တယ်

ခြေထောက်ကိုလည်း သဲလွန်ကြိုးအထူတွေနဲ့တုပ်ထားတယ်။ တင်းကျပ်စေတဲ့ဒီကြိုးတွေကြောင့် ကျွန်တော်လက်ရော ခြေထောက်ရောလှုပ်ရှားလို့မရခဲ့ဘူး။ ခေါင်းတွေကိုက်နေသလို ဂုတ်ပိုးလည်းနာကျင်နေရတယ်။

ကျွန်တော်ဘာ့ကြောင့်ဒီနေရာကိုရောက်နေရမှန်းမသိပေမယ့် တစ်စုံတစ်ယောက်ကကျွန်တော့်ကိုခေါ်လာပုံရှိသည်။ ကျွန်တော်မရောက်ဖူးတဲ့နေရာကို အကျဉ်းသားတစ်ယောက်လိုတုပ်နှောင်ပြီးခေါ်လာခဲ့ပုံကိုထောက်ရင်တော့ ကျွန်တော်ပြန်ပေးဆွဲသမားတစ်ယောက်ရဲ့လက်ထဲကိုရောက်နေပြီပဲဖြစ်တယ်။

Guileful Cirrus Where stories live. Discover now