Guileful Cirrus Ch-18

792 106 10
                                    

Unicode (zawgyi below)

Taeyong's POV

At hospital

"ဒူးပွန်းသွားပေမယ့်ဒဏ်ရာကပြင်းတာပဲ တစ်နေ့ကို၂ကြိမ်လောက်ဆေးပုံမှန်ထည့်ရင်သက်သာသွားမှာပါ"

ဆရာဝန်ပြောမှ သူနာပြုပတ်တီးစည်းပေးနေသောဒဏ်ရာကိုပြန်ငုံ့ကြည့်လိုက်မိသည်။ အသားနီကိုတောင်မြင်နေရတဲ့ကျွန်တော့်ဒူးကအနာကရင်းနေတယ်

ကားမောင်းသူအစ်ကိုကကျွန်တော့်ကိုသေသေချာချာတွဲပေးရှာတယ်

ဒီလိုသဘောကောင်းတဲ့လူနဲ့တွေ့တာကျွန်တော်ကံကောင်းပါတယ် မဟုတ်ရင်ကားပွန်းလို့လျော်ကြေးတောင်းတဲ့လူချမ်းသာတွေနဲ့လည်းကျွန်တော်တွေ့နိုင်တာပဲ

ဒဏ်ရာကခြေထောက်မှာဖြစ်နေတာကြောင့်စက်ဘီးကနင်းလို့မရတာကြောင့် သူ့ကားနဲ့သာ ကျွန်တော့်ကိုအိမ်တိုင်ရာရောက်လိုက်ပို့ခဲ့တော့တယ်

အားနာမှုတွေပိုပိုတိုးလာမိတယ်

ထုံးစံအတိုင်း မီးပွိုင့်မိနေတော့ အသွားတုန်းကလိုပဲကားမှန်ထဲကနေသူကကျွန်တော့်ကိုလှမ်းလှမ်းကြည့်နေတာကြောင့်ကျွန်တော်နေရထိုင်ရခက်ခဲလှသည်

"မင်းရုပ်လေးနဲ့ဆိုရင်တော့ရပါတယ်"

"nae?"

ရုတ်တရက်ပြောလာတဲ့စကားကကျောချမ်းစရာရယ်

"အလုပ်လိုနေတာမလား? အစ်ကိုက Ent ပိုင်ရှင်တစ်ယောက်လေ မင်းလိုရုပ်ရည်နဲ့ဆိုရင်တော့မင်းအောင်မြင်ပါတယ်"

ကြက်ကန်းဆန်အိုးတိုးလို့ပဲပြောရမလား?

ဆေးကျောင်းတက်ဖို့ငွေလိုနေလို့ သက်သက်သာသာနဲ့ငွေကောင်းကောင်းရနိုင်တဲ့အလုပ်ကိုမျှော်လင့်နေတဲ့အချိန်မှာ ဒီလိုလူမျိုးနဲ့လာတွေ့ရတယ်

ဒီနေ့က ကျွန်တော့်အတွက်ရက်ကောင်းပဲ

ကျွန်တော်အမြဲအပြစ်တင်နေလို့ ကံကြမ္မာဟာကျွန်တော့်ကိုရက်ရာဇာတစ်ရက်ကိုပေးခဲ့တာဖြစ်လိမ့်မည်။ ရက်ရာဇာတောင်မှာ ပြဿဒါးဆန်ဆန်ပေးလာခဲ့တာ

"ကျွန်တော်ယုံကြည်ချက်မရှိသေးဘူး"

"အစ်ကိုကူညီမယ် မင်းဘက်က yes ဆိုတဲ့အဖြေပဲလိုတာ မင်းမှာအောင်မြင်နိုင်တဲ့ရုပ်ရည်ရှိတယ်"

Guileful Cirrus Where stories live. Discover now