Guileful Cirrus Ch-35

537 73 8
                                    

Unicode (zawgyi below)

5 Days later

Boa's POV

"Jaehyun တို့ကိစ္စက ???"

"ဘာဖြစ်လဲ"

"Jaehyun တို့ကိုမတွေ့သေးဘူးလားလို့? ၅ ရက်တောင်ကြာနေပြီလေ"

"အေးဆေးပေါ့! ကျွမ်းကျင်တဲ့ရဲနဲ့စုံထောက်တွေကိုငှားထားတာပဲလေ"

"ဒါပေမယ့်...."

ဂျင်ဆင်းရေနွေးကြမ်းခွက်ကိုချလိုက်ပြီး Yuta ကိုသေချာကြည့်လိုက်တယ်

"ဒါပေမယ့် ဘာဖြစ်လဲ? စိတ်မပူပါနဲ့ ! မ က အဲ့ကောင်လေးနဲ့သဘောတူလိမ့်မယ်လို့များထင်နေလား မ ရှိနေသ၍သူတို့၂ယောက်မပေါင်းစေရဘူး"

ထိုစဉ်

"မမလေး"

"ဘာလဲ"

"အစ်ကိုလေးတို့ရှိနေတဲ့နေရာကိုတွေ့ပြီလို့ရဲအရာရှိကအခုပဲအကြောင်းကြားလာတယ်"

ကျွန်မကျေနပ်စွာတစ်ချက်ပြုံးလိုက်ပြီး

"hak မပြောဘူးလား? အေးဆေးပါလို့"

Yuta ကိုကြည့်ကာပြောလိုက်သည်။

Boa's POV End

***************

Jaehyun's POV

"Taeyong"

အရမ်းအေးစက်နေတဲ့သူ့လက်ဖျားတွေကိုကျွန်တော်ကိုင်လိုက်မိတော့လန့်သွားတယ်

"omm?"

"နေလို့မကောင်းဘူးလား"

"ဘာလို့မကောင်းရမှာလဲ မင်းရှိနေတာပဲလေ"

လက်ဖျားတွေအေးနေပေမယ့် ပူနေတဲ့သူ့ကိုယ်အပူချိန်ကကျွန်တော်တောင်ခံစားရတယ်

ဒါပေမယ့် ကျွန်တော်စိတ်မပူအောင်သူဖုံးကွယ်ထားရှာတယ်။ ဆောင်းတွင်းကလည်းဖြစ်တဲ့အပြင် နွေးထွေးမှုမရှိတဲ့စက်ရုံပျက်ရဲ့ထပ်ခိုးမှာ ငါးရက်ကြာလောက်နေပြီးတဲ့နောက်မှာ နာလန်ထလူနာကပြန်ဖျားနေပြီဖြစ်သည်။ အာဟာရမလုံလောက်တာလည်းပါလိမ့်မည်။

ရင်ခွင်ထဲကသူ့ကိုသာတင်းကျပ်နေအောင်ဖက်ထားမိတယ်။ ကျွန်တော့်ရင်ခွင်ထဲကသူ့ကိုလွတ်ထွက်မသွားအောင်လို့ဖက်ထားတဲ့လက်တွေမှာတင်းကြပ်စေတဲ့အားတွေပါနေခဲ့တာဖြစ်တယ် ဒီလိုနေနေရတဲ့အချိန်မှာ ဘယ်အချိန် ၊ ဘယ်ရက်မှာများ ကျွန်တော်တို့ခွဲရမလဲဆိုတာကိုလည်းကျွန်တော်စိုးရိမ်နေရသလို နေမကောင်းသေးတဲ့သူ့ကိုလည်းစိုးရိမ်နေရသေးတယ်

Guileful Cirrus Where stories live. Discover now