Guileful Cirrus Ch-5

1K 119 0
                                    

Unicode (zawgyi below)

Jaehyun's POV

ကျောင်းပိတ်ရက်ဆိုပေမယ့်လည်း သူနဲ့တွေ့ချင်တဲ့စိတ်ကကျွန်တော့်ကိုနှိပ်စက်လွန်းတာကြောင့် သူသွားနေကျမြက်ခင်းပြင်မှာချိန်းပြီးနေ့လည်စာစားဖို့ချိန်းခဲ့မိတယ်

သူနဲ့ချိန်းတိုင်းကျွန်တော်ကအမြဲစောရောက်နေတတ်ပေမယ့် သူကတော့နောက်ကျတတ်တယ်။

ဒီနေ့မှစားဖိုမှူးကလည်း ဘဲသားဟင်းနဲ့အချိုတည်းစရာ စတော်ဘယ်ရီcream လေးလုပ်ပေးလိုက်တာကြောင့် Taeyong ကြိုက်လိမ့်မယ်လို့ထင်ရတာပဲ။

ဒီလိုနဲ့ အဝေးကလာနေတဲ့ Taeyong ကိုတွေ့လိုက်ရတော့မှ စိတ်ကိုဒုန်းဒုန်းချနိုင်တယ်

သူ့ကိုစောင့်ရလို့အချိန်ကကြာလာလေလေ ၊ သူကျွန်တော့်ကိုများလာမတွေ့တော့ဘူးလားဆိုတဲ့အတွေးနဲ့အတူကပ်ပါလာတဲ့ သူကျွန်တော့်ကိုရှောင်နေတာလားဆိုတဲ့စိုးရိမ်မှုတို့ဟာ နှလုံးသားအဆို့ရှင်တို့သွေးခြေဥသွားသလိုခံစားရစေတယ်

"ရောက်တာကြာပြီလား"

"ကြာပြီ ဒါပေမယ့်ကိစ္စမရှိပါဘူး ငါစောထွက်လာတာလည်းပါတာပေါ့"

ရောက်ရောက်ချင်းသိပ်စကားမပြောဘဲ လက်ထဲမှာပါလာတဲ့သူ့ကော်ထမင်းဘူးလေးကိုဖွင့်လိုက်တယ်။ ဘယ်တုန်းကတည်းကကိုင်လာတဲ့ထမင်းဘူးမှန်းမသိပေမယ့်ရှေးဟောင်းသမိုင်းဝင်ပစ္စည်းအနေနဲ့တောင်သတ်မှတ်လို့ရတဲ့အထိ ဟောင်းနေပြီဖြစ်တဲ့သူ့ထမင်းဘူးကိုမြင်တိုင်း အသစ်လဲပေးချင်စိတ်တွေပေါ်မိတယ်

ထမင်းဘူးကိုဖွင့်လိုက်တော့ အမဲသားကင်တစ်ဖက်နှစ်ဖက်စနဲ့ထမင်းအလွတ်

ကိုရီးယားလူမျိုးဖြစ်လို့ အသားနဲ့အကင်ဆိုရင် ဟင်းကောင်းအဖြစ်မြင်ပေးနိုင်ပေမယ့် ထမင်းအလွတ်နဲ့အကင်နည်းနည်းကိုတွဲစားတာက ခံတွင်းမြိန်လွန်းတဲ့အရာတော့မဟုတ်။

ကျွန်တော့်ထမင်းဘူးထဲက ဘဲသားဟင်းကိုသူ့ထမင်းဘူးထဲကောက်ထည့်ပေးလိုက်တယ်

"Jaehyun"

"စားလေ"

"ငါစားလိုက်တော့ မင်းက..?"

Guileful Cirrus Where stories live. Discover now