Guileful Cirrus Ch-3

1.1K 124 1
                                    

Unicode (zawgyi below)

Jaehyun's POV

ကျွန်တော်တို့တွေမသိနိုင်တဲ့အရာတွေ ၊ မမြင်နိုင်တဲ့အရာတွေကို နှလုံးသားကမသိစိတ်ကိုပို့ပေးနေတတ်တယ်။ ချမ်းသာမှုအောက်မှာကြီးပြင်းလာခဲ့တယ် စည်းစိမ်နဲ့ကာထားတဲ့ဂုဏ်ပကာသနမက်မောတတ်တဲ့စိတ်ကကျွန်တော့်ရဲ့နှလုံးသားထဲမှာကိန်းအောင်းနေတယ် အစ်မရဲ့သွန်သင်မှုအောက်မှာကြီးပြင်းလာခဲ့ရတယ် ဒါပေမယ့်အစ်မရဲ့သွန်သင်မှုတွေဟာ ကိုယ်နဲ့အဆင့်အတန်းချင်းတူတဲ့လူနဲံပဲပေါင်းသင်းဖို့၊ ရှိပြီးသားလုပ်ငန်းကိုထပ်ပွားပြီး တစ်ကျပ်ကိုသိန်းပေါင်းများစွာအထိပွားအောင်လုပ်တတ်ဖို့ ၊ ဆင်းရဲမှာကိုကြောက်အောင်သင်ပေထားပြီး ဆင်းရဲမှုကိုမုန်းတတ်ဖို့အဆုံးအမတွေချည်းပဲဖြစ်ခဲ့တယ်

နုနယ်တဲ့ဦးနှောက်ကဒီအဆုံးအမတွေကို စဉ်းစားမှုမရှိဘဲအလွယ်တကူလိုက်နာခဲ့တော့ နှလုံးသားဟာအချစ်ဆိုတဲ့အရာကိုကစားစရာအဖြစ်မြင်ခဲ့မိသလို မျက်လုံးတွေကလည်းရွှေရောင် ငွေရောင်ကလွဲရင်ကျန်တဲ့အရောင်တွေကိုမမြင်ချင်တဲ့အထိဖြစ်ခဲ့တယ်။

သို့ပေမယ့်

Taeyong ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဖြူစင်တဲ့နှလုံးသားကထုတ်လွှတ်တဲ့နွေးထွေးမှုတွေက ကျွန်တော့်ဆီက အေးစက်စက်မောက်မာမှုတွေကိုမီးမြိုှက်ချလိုက်နိုင်ခဲ့တယ်။

ဖြူစင်တဲ့နှလုံးသားကြောင့်ရိုးသားနေတဲ့သူ့ကြောင့်ကျွန်တော့်ရဲ့ စည်းစိမ်မာန်တွေဖုံးနေတဲ့စိတ်တွေဘယ်လောက်ထိရိုးရှင်းတဲ့ဘက်ကိုပြောင်းခဲ့ရလဲဆိုတာစကားလုံးတွေနဲ့ပဲပုံဖော်ရှင်းပြလို့မရဘူး။

သူဟာ ကျွန်တော့်နဲ့ဘဝချင်းဆင်တူပေမယ့် အဆင့်အတန်းချင်းအရမ်းကွာခဲ့တယ်။ ဒါပေမယ့်သူဟာကျွန်တော့်ထက်ပိုအေးချမ်းတယ်။

ဒီလိုအဆင့်အတန်း

ဒီလိုဥစ္စာဓနတွေကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့အတ္တလေးကတော့ အကျင့်ဆိုးတစ်ခုလိုကပ်ပါနေဆဲ။ သူ့ကိုအပိုင်လိုချင်တဲ့စိတ်ကလေးကအတ္တဖြစ်နေခဲ့ရင်အနာဂတ်မှာအန္တရာယ်များရှိလာနိုင်မလား

Guileful Cirrus Where stories live. Discover now