Guileful Cirrus Ch-50

373 50 0
                                    

Unicode (zawgyi below)

Jaehyun's POV

ရင်ထဲမှာ မီးကျည်ခဲတွေစီးနေတဲ့ငရဲမြစ်ထဲက မီးလှိုင်းတွေ ဘောင်ဘင်ခတ်သွားတာပဲ

ကျွန်တော်သာ အချိန်မီရောက်မလာခဲ့ရင် Taeyong ရဲ့ခန္ဓာကိုယ်စုတ်ပြတ်သွားလောက်ပြီ ဒါမှမဟုတ် အသက်မဲ့နေတဲ့ သူ့ကိုပဲကျွန်တော်ရင်ရှုမနာမြင်ရတော့မှာ

ဘာ့ကြောင့်ဆိုတော့ အဲ့ခွေးဟာအရမ်းသွေးဆိုးလွန်းတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Yuta တောင်သိပ်မထိန်းနိုင်ဘူး။ ဒီခွေးဟာ Yuta အတွက်သူ့ရဲ့စကားနားမထောင်သောတပည့်တပန်းတွေကိုခွေးစာကျွေးတဲ့နေရာမှာအသုံးဝင်နေတတ်တယ်

Taeyong သာတစ်ခုခုဖြစ်သွားရင် ဘာလုပ်ရမှန်းမသိအောင်ရူးသွားတော့မှာ

ရိုးရှင်းတဲ့နှလုံးသားနဲ့ရှင်သန်လာသူ သူ့အသားကို ဘယ်သတ္တဝါမှမစားစေရဘူး။ တစ်ခါတစ်ရံမှာသူ့ကိုကျွန်တော်စိတ်ထဲကနေအားနာမိတယ် ဘာလို့လဲဆိုတော့အဖြူစင်ဆုံးနှလုံးသားရဲ့သွေးကိုသောက်ချင်နေသူဟာကျွန်တော်ပဲဖြစ်နေသလို သူ့သွေးသား ခန္ဓာကိုယ်ကိုလည်းပိုင်စိုးပိုင်နင်းနဲ့စားချင်နေတဲ့လူဟာ သူအရမ်းယုံကြည်ထားတဲ့ကျွန်တော်ကိုယ်တိုင်ဖြစ်နေလို့ပဲ

ကျွန်တော်ကလွဲရင် ဘယ်သူမှသူ့အသားမထိစေရဘူး စားသုံးခွင့်မရှိဘူးဆိုတဲ့ ကျွန်တော့်အတ္တကထုတ်ပြန်တဲ့အမိန့်တစ်ခုမှာ ဒေါသနဲ့စိုးရိမ်မှုကသံယောင်လိုက်နိုင်တယ်

ဒီနေရာမှာ ခွေးတစ်ကောင်သာမဟုတ်ဘဲ လူတစ်ယောက်ဖြစ်ခဲ့ရင်လည်း ကျွန်တော်ရှင်းပစ်ဖို့တွန့်ဆုတ်မိမှာမဟုတ်တာကို ကျွန်တော့်ဒေါသကဗေဒင်ဟောနေပါရဲ့

"ဒုတ်!!~"

အပြင်ဘက်က တစ်ခုခုလဲကျသံကြောင့် ကျွန်တော်အမြန်လှည့်ကြည့်လိုက်မိတယ်

ဖြတ်ခနဲပြေးသွားတဲ့လူရိပ်တစ်ရိပ်ကိုကျွန်တော်မြင်လိုက်တာကြောင့်ဖက်ထားတဲ့ Taeyong ကိုရင်ခွင်ထဲကနေထုတ်ပြီး နောက်ကျောဘက်ကိုပို့လိုက်တယ်

"ဘယ်သူလဲ?!"

အော်မေးလိုက်တဲ့ကျွန်တော့်အသံသာ ဂိုထောင်တစ်ခုလုံးဟိန်းသွားပေမယ့် တုန့်ပြန်မှုဟာအလျင်းမဲ့နေတယ်

Guileful Cirrus Where stories live. Discover now