Guileful Cirrus Ch-31

510 59 1
                                    

Unicode (zawgyi below)

HaeChan's POV

"ဟုတ်ကဲ့ ဘဏ်ကတ်ထဲကနေငွေဖြတ်လိုက်ပါပြီနော်"

"nae"

ဆရာဝန်ကပေးတဲ့အိမ်မှာသောက်ဖို့ဆေးအချို့နဲ့အတူကောင်တာကပြန်ပေးလာတဲ့ဘဏ်ကတ်ကိုယူကာ Hyung ရှိရာအရေးပေါ်အခန်းကိုပြန်လာခဲ့တယ်

အရေးပေါ်အခန်းရောက်တော့

လူနာကုတင်တွေထဲမှာမှ လစ်ဟာနေတဲ့ Hyung ရဲ့ကုတင်နေရာ။

ခေါင်းနပန်းကြီးသွားတဲ့ ကျွန်တော့်အတွေးတွေထဲမှာ Hyung ကလွဲရင်ကျန်တာဘာမှမစဉ်းစားမိတော့။

လွတ်ကျသွားတဲ့ ဆေးထုတ်က ကျောက်ပြားအဖြူတွေခင်းထားတဲ့ဆေးရုံကြမ်းပြင်မှာ မကောင်းသောအယူတစ်ခုအနေနဲ့ငြိမ်နေခဲ့ပြီဖြစ်သည်။

"Noona"

လွတ်နေတဲ့ Hyung ရဲ့လူနာကုတင်ဘေးနားက သူနာပြုလေးကိုအလောတကြီးခေါ်လိုက်မိတယ်။ အသံဟာကျယ်နေသလိုဖြစ်သွားလေတာကြောင့်ရိုင်းသလိုဖြစ်သွားလား? ဒါတွေလည်းဂရုမစိုက်နိုင်။ ကျွန်တော်သိချင်တာ Hyung ဘယ်ရောက်သွားလဲ

"ကျွန်တော့်အစ်ကို...."

"aww. စောနကလေးတင် သူ့အစ်ကိုဝမ်းကွဲဆိုတဲ့လူလာခေါ်သွားတယ်"

"ဗျာာာ???"

"ဘာဖြစ်လို့လဲဟင်?"

"arni. ဘာမှမဟုတ်ဘူး။ ကျေးဇူးတင်ပါတယ်"

ကျွန်တော်ကြောင်တောင်တောင်ဖြစ်နေတဲ့သူနာပြုကိုကမန်းကတန်းပြောကာဆေးရုံအပြင်ဘက်ကိုပြေးထွက်မိသည်။ ခြေထောက်အောက်ကတစ်ခုခုနင်းမိသလိုခံစားလိုက်ရသည်။ အောက်ငုံ့မကြည့်မိပေမယ့်ဒါဟာစောနကကျွန်တော့်လက်ထဲကကျခဲ့တဲ့ဆေးကတ်တွေဆိုတာသိလိုက်ရသည်။ ဆေးကောင်တာဆီအမြန်ပြေးကာ ဖုန်းငှားဆက်ပေမယ့်ဖုန်းကလုံးဝမကိုင်တော့။ အစ်ကိုဝမ်းကွဲဆိုတဲ့အမျိုးအမည်တစ်ခုနောက်မှကျွန်တော့်အတွေးထဲချက်ချင်းခုန်ဝင်လာတဲ့လူဟာ Jaehyun ကလွဲပြီးဘယ်သူမှမရှိ။ ကျွန်တော်မရှိတုန်း Hyung ကိုအယုံသွင်းပြီးခေါ်ထုတ်သွားတာပဲဖြစ်လိမ့်မယ်။

ဒီလောက်ထိအရိပ်တကြည့်ကြည့်စောင့်ကြည့်နေတဲ့ကြားက ထပ်ပါသွားသေးတယ်

Guileful Cirrus Where stories live. Discover now