Guileful Cirrus Ch-1

2.8K 176 0
                                    

Unicode (zawgyi below)

Jaehyun's POV

လေကတဖြူးဖြူးနဲ့

လေကြမ်းမဟုတ်သော လေအေးညှင်းညှင်းသည်ကျွန်တော့်ပါးပြင်ကိုဖြတ်ပြီးတိုက်သွားတတ်ကြတယ်။ ကျွန်တော်လှဲနေတဲ့ ဘေးဘက်ကမြက်ပင်လေးတွေကလည်းအားနွဲ့ရှာတော့ဒီလေညှင်းရဲ့ဒဏ်ကိုတောင်မခံနိုင်ဘဲ လေယူရာကိုအတင်းလိုက်ယိမ်းနွဲ့နေရရှာတယ်

ကျွန်တော်လှဲနေတဲ့ဒီမြက်ခင်းပြင်ကအရင်ကလိုစိမ်းစိုနေတုန်းပဲ

ဟိုဘက်စမ်းချောင်းဘက်က ရေမှုန်လေးတွေကပါလေထဲမှာပါလာတော့ကျွန်တော့်ကိုပိုအေးမြစေတယ်။ လက်ဆောင်အဖြစ် စမ်းချောင်းဘေးက ပေါက်ရောက်နေတဲ့ဇလပ်ပန်းရနံ့တွေကို စိတ်ကြည်နူးဖွယ်ရာအဖြစ်ပေးနေတယ်

မြက်ခင်းပေါ်မှာပက်လက်လှဲပြီး လက်ကိုခေါင်းအုံးအဖြစ်အုံးကာအိပ်နေမိတာကြောင့် ကျွန်တော့်မြင်ကွင်းထဲကိုဘယ်အရာကစိုးမိုးနေမယ်ထင်သလဲ?

ကောင်းကင်ကြီးပေါ့...

ဒီကောင်းကင်ကြီးကိုကျွန်တော့်ကမ္ဘာတစ်ခုအဖြစ်သတ်မှတ်ချင်လိုက်ပါသော်လည်း ဪ... ကျွန်တော်ကသူအုပ်ချုပ်တဲ့ ကမ္ဘာမြေမှာနေနေရတဲ့ လက်အောက်ငယ်လူသားတစ်ယောက်ပဲမဟုတ်လား?

ကောင်းကင်ကြီးကကျွန်တော့်ကို အမြဲတမ်းကြည့်နေသလိုခံစားရတယ်

ကျွန်တော်ရူးသွပ်နေတာတွေ ၊ စိတ်ဖြေရာမရဖြစ်နေတာတွေ ၊ ဘယ်သူမှမသိအောင်မျက်ရည်ကျရတာတွေ ကိုလည်းသူကြည့်ပြီးကျွန်တော့်ကို လှောင်ရယ်နေမှာသေချာသလောက်ရှိနေခဲ့ပြီ။

ရယ်ပါစေလေ

သူကကျွန်တော့်လိုမှမဟုတ်ဘဲ...

သူ့မှာ ....

နေ့ဘက်မှာ သူ့ကိုအဖော်ပြုပေးမယ့် သူရိန်နတ်ရှိတယ် တစ်ခါတစ်လေ ငှက်ပေါင်းစုံရှိသေးတယ်

ညဘက်မှာ လနတ်သမီးရှိတယ် ကြယ်တာရာတွေလည်းရှိတယ်။

နောက်ပြီး တိမ်လွှာတွေလည်းရှိသေးတယ်

ကျွန်တော်အခုကြည့်နေတဲ့ တိမ်တွေက အရမ်းလှသလိုမာယာလည်းများကြတယ်။ မုန်းတယ်။ တိမ်တွေမြင်ရင်သူ့ကိုသတိရတဲ့စိတ်က ကျွန်တော့်ဝိဉာဉ်ရဲ့အနှစ်သာရတစ်ခုလိုဖြစ်နေပြီနဲ့တူပါတယ်....

Guileful Cirrus Where stories live. Discover now