Guileful Cirrus>>>>>Denouement Part-1

608 65 0
                                    

Unicode (zawgyi below)

Jaehyun's POV

စီးလုံးငှားလာသောအမြန်လေယာဉ်နဲ့လာတာတောင် ၆ နာရီလောက်ကြာသေးသည်။

လာရတဲ့နေရာကလည်း မြို့ထဲမဟူတ်ဘဲမြို့အစွန်ဘက်နားကအိမ်တစ်လုံးဖြစ်တာကြောင့် ၆ နာရီလောက်ကြာခဲ့ရတယ်။ ဂျပန်ဆိုတဲ့အနီးဆုံးလို့သတ်မှတ်လို့ရတဲ့နိုင်ငံကိုကျွန်တော်ရောက်နေခဲ့လို့သာပေါ့။ မဟုတ်ရင် ကျွန်တော် Taeyong ကိုမတွေ့ရခင်မှာပဲသူ့ကိုစိတ်ပူတဲ့စိတ်နဲ့ပဲကျွန်တော်အရင်သေသွားနိုင်တယ်

Johnny ပြောတဲ့နေရာအတိုင်းကျွန်တော်လာခဲ့မိတော့ မြင်လိုက်ရတဲ့ ပုံရိပ်ကြီးက

ဒဏ်ရာတွေအထစ်ထစ် ၊ သွေးအလိမ်းလိမ်းနဲ့ဖြစ်နေသော taeyong ကိုပွေ့ထားပြီး ဆက်တိုက်ခေါ်နေတဲ့ Johnny ။

"Taeyongggg!!!"

Johnny ဆီကျွန်တော်ပြေးသွားလိုက်ပြီး သူ့လက်ထဲက Taeyong ကိုအမြန်ဆွဲယူလိုက်သည်

"Taeyong Taeyong!!!!! Taeyong"

ပါးရိုးကိုတောင်စမ်းမိနေတဲ့ သူ့ပါးပြင်ကိုကျွန်တော် ကိုင်လှုပ်ရင်းအော်ခေါ်ကာနှိုးနေမိပေမယ့် အသိရော သတိရောမရှိတော့တဲ့သူကတော့ ကျွန်တော်စိုးရိမ်မှုလျော့သွားအောင်မျက်လုံးတောင်ပွင့်မလာခဲ့ဘူး

သွေးတွေပေကျံနေတဲ့သူ့ရင်ဘတ်ကို ကျွန်တော်လက်တင်မိတော့ နှင်းခဲပေါ်လက်တင်လိုက်ရတဲ့အတိုင်းအေးစက်လွန်းတာကိုသတိထားလိုက်မိတယ်

စိတ်တွေအရမ်းရောက်ယက်ခတ်နေတယ်

ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရတယ်

ရင်ထဲမှာတော့ ပြောမပြတတ်အောင်ပူလောင်နေရတာ

အေးစက်နေတဲ့ ခန္ဓာကိုယ်နဲ့ တုန့်ပြန်မှုအလျင်းကင်းမဲ့နေသောသူ့ကြောင့် ကျွန်တော်ခေါင်းတွေပေါက်ထွက်ခါနီးအထိကျိန်းစက်သွားရသည်

ကျွန်တော်သူ့ကိုအမြန်ပွေ့ချီလိုက်ပြီး

"အစ်ကိုလေး"

"Seoul ဆေးရုံကြီးကိုသွားမယ် အပြင်မှာကားပါတယ် မင်းအဆင်သင့်လုပ်ထား အမြန်မောင်းနိုင်အောင်လုပ်"

Guileful Cirrus जहाँ कहानियाँ रहती हैं। अभी खोजें