အခန်း ၄၀ - ပြဿနာဖြစ်မှာစိုးတယ်

Start from the beginning
                                    

နှစ်ယောက်စလုံးဟာ 'အလိုက်ဖက်ဆုံးအနုပညာရှင်စုံတွဲ' ဟူ၍တောင်သတ်မှတ်ခံထားရသည်အထိပင်။

သူတို့က ကြိမ်ဖန်များစွာ အလုပ်အတူတွဲလုပ်ဖူးကြသောကြောင့် တစ်ယောက်အထာ တစ်ယောက်သိနေကြသဖြင့် ရိုက်ကူးရေးတွင် အဆင်ပြေပြေ ပေါ့ပေါ့ပါးပါးနှင့်သာ ရိုက်ကူးကြလေကာ...

ဒါရိုက်တာကလည်း "ကောင်းတယ်။ တေယ်တော်ကောင်းတယ်။ အဲဒီအတိုင်း ဆက်သရုပ်ဆောင် " ဟူ၍ ဆက်ကာဆက်ကာ အော်၍နေ၏ ။

ဇာတ်ခန်းတစ်ဝက်မှာတော့ ဒါရိုက်တာဟာ အနားပေးခဲ့ပြီး သူတို့ရဲ့ မိတ်ကပ်ဆရာများကို
မိတ်ကပ်ပြင်ဆင်ခိုင်းစေခဲ့၏။

လုကျင်းညန် သူ့လက်ထောက်စီကနေ ရေနှစ်ငုံစာ သောက်ခဲ့ပြီး... သူ့မိတ်ကပ်ပြင်ဆင်မှု အပြီးမှာ ရိုက်ကူးမည့်နေရာတွင် စောင့်နေခဲ့သည်။

ဆောင်ရှန်စီ ပြီးသွားခဲ့ပြီးနောက် သူတို့ ဆက်သရုပ်ဆောင်ခဲ့၏ ။

သူတို့ရဲ့ သရုပ်ဆောင်ပီပြင်ချက်များဟာ ပြီးပြည့်စုံအောင် ကောင်းလွန်းနေခဲ့ပြီး တကယ်ဖြစ်နေသလားထင်ရအောင်ပင် ရုပ်ရှင်ရိုက်ကူးသည်ကို ကြည့်နေကြသူများအား ဆွဲဆောင်စေနိုင်ခဲ့ရင်း...

ဒါရိုက်တာကနေ ' Cut' လို့ အော်လိုက်တော့မှ ရိုက်ကူးမှု တရားဝင်ပြီးဆုံးသွားသည်။

သူတို့တွေဟာ ဂျင်ချန်း အပန်းဖြေစခန်းမှာ ရုပ်ရှင်ရိုက်နေကြတာဖြစ်ပြီး သီးသန့်ရိုက်ကူးဖြစ်တာကြောင့် ရိုကိကူးရေးအဖွဲ့သားများ အပန်းစခန်းဟော်တယ်တွင် တည်းခိုနေနိုင်ကြစေရန် အပန်းဖြေစခန်းတစ်ခုလုံးကို ဘိုကင်လုပ်ထားခဲ့ကြရသည်။

-------

ရုပ်ရှင်စရိုက်သည့် ပထမနှစ်ရက်ထိ ချောင်အန်းဟောင် ပါဝင်ရသောဇာတ်ခန်းမရှိခဲ့ပေ။

သို့သော် သူမသည် ရိုက်ကူးရေးနေရာကို အကျွမ်းဝင်စေရန် နှင့် ရုပ်ရှင်ရိုက်ကူးမှုကို ကြည့်ရန် အချိန်မှန်လာခဲ့၏ ။

ရုပ်ရှင်စရိုက်သည့် ပထမဆုံးနေ့တွင် လုကျင်းညန်မှာလည်း ရိုက်စရာဇာတ်ခန်းမရှိခဲ့။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now