အခန်း ၃၅ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

Start from the beginning
                                    

သို့သော် သူမရှေ့က ဝိုင်ခွက်ကို မြှောက်ကိုင်လိုက်ကာ မတ်တပ်ထပြီး ကြော့ကြော့လေး နေပြီးသော် ပုံမှန်အသံဖြင့် ပြောခဲ့သည်။

" ဆရာ လု... တွေ့ရတာ ဝမ်းသာပါတယ်ရှင်... ကျွန်မတို့ အလုပ်အတူလုပ်ရင်း အချိန်ကောင်းတွေ ရလိမ့်လို့ မျှော်လင့်ပါတယ်နော်..."

လုကျင်းညန် က တော့ ခုံမှာ ထိုင်နေရုံကလွဲရင် မပြောင်းလဲသွား။

ဝိုင်ခွက် အောက်ကို သာ စိုက်ကြည့်နေသည်။

ချောင်အန်းဟောင် ဝိုင်ခွက်ကို ကိုင်ထားသောလက်များ ပိုတင်းကျပ်သွားသည်။

သူ သူမကို သဘောမကျမှန်း သူမသိသည်။

လူရှေ့သူရှေ့မှာလည်း သူမ အမြဲတမ်း သူစိမ်းတစ်ယောက်လို နေပေးခဲ့သည်။

အခု လူတွေရှေ့မှာ သူ့ကို တလေးတစားနဲ့ နူတ်ဆက်နေတာတောင် သူမကို လုံးဝ အသိအမှတ်မပြုဘူးလား?

အချိန်ကြာပြီးနောက် သူ မျက်တောင် ခတ်သည်။

သောက်လက်စ ဝိုင်ကို ကုန်အောင်ဆက်သောက်သည်။

ချောင်အန်းဟောင် အရှက်ကြီးရှက်မိသည်။

သူမ ဝိုင်ခွက်ကို အောက်ချရင်း မြန်မြန် ပြန်ထိုင်လိုက်သည်။

သူမ ထိုင်ပြီးတော့ ခဏလေးမှာတင် ခပ်စူးစူး ကြည်ကြည်အသံတစ်ခု ထွက်ပေါ်လာတော့သည်။

" ချောင်အန်းဟောင် လို တက်သစ်စတစ်ယောက်က လုကျင်းညန် နဲ့ အလုပ်တွဲခွင့်ရတာ တကယ် ကံကောင်းတာပဲ နော် "

ထို စကားကို ပြောလိုက်သူက လင်ရှီးရီ ။

သူမ စကားထဲမှာ ဂုဏ်သိက္ခာ ထိပါးသော စကားလုံးမပါခဲ့တာတောင် သေချာခွဲခြမ်းသုံးသပ်ကြည့်လျှင် ...

သူမ၏စကားအထာသည် ချောင်အန်းဟောင်မှာ ဤ ဒုတိယဇာတ်လိုက်နေရာကို ကျောထောင့်နောက်ခံအရှိဆုံးလူတစ်ယောက်ယောက်ဆီ ချည်းကပ်လာဘ်ထိုးပြီးရသည် ။

သို့မဟုတ် သူမက ဘာအရည်အချင်းမှ မရှိသော်လည်း ထိုလူက သူမကို နောက်ကွယ်ကနေ ပံ့ပို့းပေးလိုက်လို့သာ ရသည် ဟူသော သဘောကို ဆောင်ကျဉ်းလေ၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now