အခန်း ၂၉ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

Start from the beginning
                                    

" ဟယ်လို... ဘယ်သူပါလဲ ရှင် "

ခေါ်ဆိုသူက သူမ အမေးကို အဖက်မလုပ်။

လိုရင်းကို တည့်တည့်ပြော၏ ။

"နောက်အပတ် ... မင်း 'ညို့ယူဆွဲဆောင်ချိန်' မှာ ဒုတိယဇာတ်လိုက်မင်းသမီးအနေနဲ့ တရားဝင်သရုပ်ဆောင်ခွင့်ရပြီ "

ဖုန်းကို ကိုင်ထားသော လက်က ပုံမှန်ထက် တင်းကျပ်သွားသည်။

လုကျင်းညန်က သူမကို ဘယ်သောအခါမှ ယခုလိုမျိုး သူကိုယ်တိုင် ဖုန်းခေါ်သတင်းပေးလာလိမ့်လို့ မမျော်လင့်ခဲ့ပါ။

အသက်ရူချလိုက်ပြီး ပြန်ပြောခဲ့သည်။

" ကျွန်မ နားလည်ပါပြီ... ကျေးဇူးတင်ပါတယ်... လု"

ဟု တည်တည်ငြိမ်ငြိမ် ဖြေခဲ့ရာမှ ချက်ချင်းဆိုသလို သူ့ကို တလေးတစားဖြင့် ပြန်ပြောင်းခေါ်ခဲ့၏ ။

" အစ်ကို လု "

သူမ စကားလုံးများ ပြောရန် နောက်ထပ်မရှိတော့ပေ။

ဖုန်းမှာ တဝီဝီမြည်နေခြင်းကြောင့် လုကျင်းညန် ဖုန်း အရင်ချလိုက်မည်ဟု သူမထင်လိုက်သည်။

ခဏကြာမှာတော့ သူ့ဘက်ကစဖုန်းချလိုက်သလား သူ ဖုန်းချရမည်ကို မေ့နေသလား ၊ သူမဘက်ကပဲ စချလိုက်ရမလား ကို တွေဝေနေတုန်း လုကျင်းညန်၏ အေးတိအေးစက်နိုင်သော အသံထွက်ပေါ်လာတော့သည်။

" ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး... အစ်မ ချောင်က သူ့ခန္ဓာကိုယ်နဲ့ အဲဒီနေရာကို အလဲအလှယ်လုပ်ခဲ့တာပဲ... အစ်မချောင်ရဲ့ ခန္ဓာကိုယ်က 'ညို့ယူဆွဲဆောင်ချိန်' မှာ ဒုတိယဇာတ်လိုက်နေရာရဖို့ တကယ်ပဲထိုက်တန်ပါတယ့"

လုကျင်းညန် နောက်ထပ်စကားပြောမည့်ဟန်ရှိခဲ့ပေမယ့် သူရပ်ချခဲ့သည်။

၂ စက္ကန့်ကြာပြီးနောက်မှာ ဖုန်းချသွားခဲ့၏ ။

Xxx

လုကျင်းညန်၏ အိမ်တော်ကနေ ထွက်လာပြီးနောက် မီယန်ရှူးဥယျာဉ်တော်သို့ ဖြောင့်ဖြောင့်တန်းတန်း မောင်းခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now