အခန်း ၁၉ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

Start from the beginning
                                    

" ချောင်ချောင် ... ဟို ရက်က ငါ့ကို ဟွမ်းရင် entertainment ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ တစ်ယောက်ပြောပြတာ သူရောမက ပြန်လာတဲ့နေ့ အစည်းအဝေးတက်နေတုန်းမှာပဲ မူးလဲပြီးတော့ ဆေးရုံရောက်သွားတယ်ဆိုပဲ "

" ဟာ "

ချောင်အန်းဟောင်မှာ အာမေဋိတ်သံပြုလိုက်သည်။

" ဘုတ်အဖွဲ့ဝင်တွေ ပြောနေကြာတာ ကြားရသလောက် လုကျင်းညန် က အဖျားကြီးဖျားနေခဲ့တာတောင် ဆရာဝန်တွေကို ဆေးကုဖို့ ငြင်းခဲ့တယ် ။ အားလုံးက ဝိုင်းဖြောင်းဖြကျတာတောင် ဂရုမစိုက်ဘဲ သူတစ်ယောက်ထဲ သွားခဲ့တယ်ဆိုပဲ "

ရှောင်မန်း မနေနိုင်တော့ဘဲ ဆက်ပြောလျက်...

" သူအဆင်ပြေမယ်လို့ နင်ထင်လား? ဆေးမကုဘဲ ထွက်သွားခဲ့တာကိုလေ... "

ရှောင်မန်းမမြင်နိုင်သော ထောင့်တစ်ခုမှာ သူမရဲ့ အင်္ကျီစကို ဆွဲပြီးတင်းကျပ်စွာ ဆုပ်ထား၏ ။

ရှောင်မန်း လမ်းမကြီးကို တစ်ချက်ကြီးလိုက်ပြီးနောက် ထပ်မေး၏ ။

" နင် သူ့ဆီသွားမလည်ဘူးလား? "

ချောင်အန်းဟောင် သူမခေါင်းကို မယမ်းခါခင်မှာ ခဏငြိမ်နေသည်။

" အလုပ်ကိစ္စကလွဲရင် ငါတို့မတွေ့ဖို့ သဘောတူထားကြတယ်"

"ဟာ "

ယခုအချိန် အာမေဋိတ်ပြုသူမှာ ရှောင်မန်းဖြစ်၏ ။

ကားမောင်းသံကလည်း တိတ်ဆိတ်မှုကို ဖြိုခွင်းသွားတော့သည်။

Xxx

ရှောင်မန်းသည် စိတ်သဘောထားဆိုးသောလူမဟုတ်သော်ငြား လက်တွေ့သမားဖြစ်၏ ။

သူမသည် အချောင်သမားမဟုတ်ပါ။ အနာဂတ်တွင် လုကျင်းညန် သူမ သူငယ်ချင်းကို ထားပစ်ခဲ့ရင်တောင် သူမအနေဖြင့် တစ်ကိုယ်တည်း အဆင်ပြေပြေနေနိုင်စေရန် ရုပ်ရှင်လေကမှာလည်း လုကျင်းညန်ရဲ့ အဖွဲ့အစည်းများတွင် ပါဝင်လာနိုင်ပြီး
သူမ သူငယ်ချင်းကောင်းစားဖို့အရေးကိုသာ မျော်လင့်သူဖြစ်ပေသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now