အခန်း ၁၈ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

Start from the beginning
                                    

နေ့ရက်များ တဖြည်းဖြည်းနှင့် ကုန်ဆုံးလာသည် ။

မျက်တောင်တစ်ခတ်စာ အတွင်းမှာတင် ဧပြီလကုန်သို့ ရောက်ခဲ့ပြီ ။

ချောင်အန်းဟောင်အနေဖြင့် ရုပ်ရှင်လေကသို့ရောက်ရှိခဲ့သည်မှာ တစ်နှစ်ခွဲကြာခဲ့သော်လည်း လူကြိုက်များမှုမရှိ၍ မကျော်ကြားပေ ။

လုကျင်းညန်ကြောင့် 'အချိန်လွန်' မှာ ကားရိုက်ခွင့်ရခဲ့တာတောင်မှ ရုက်ရဗင်ထုတ်လုပ်ရေးသည် ယခုထိ တည်းဖြတ်နေသောကြောင့် ထုတ်လွှင့်ခြင်းမရှိသေးပါ ။

ထို့အပြင် ရုပ်ရှင်ကြော်ငြာ ဗီဒီယိုများသည်လည်း သူမထက် ပိုနာမည်ကြီးသော ဝါရင့်သရုပ်ဆောင်များကြောင့်သာ အောင်မြင်ခဲ့လေ၏ ။

ဤနည်းဖြင့် ချောင်အန်းဟောင်ခမျာ တန်ဖိုးရှိသော အချိန်များကို ဖြုန်းပစ်နေခဲ့ရရုံတစ်ပါး ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းမခံရသည့်အတွက် မထင်မရှားနေနေရသည် ။

ရှောင်မန်းမှာလည်း သူမ၏ မန်နေဂျာတာဝန်ယူထားသည့်အတွက် နောက်ရုပ်ရှင်အသစ်ရိုက်ရဖို့ အစမ်းသရုပ်ဆောင်ပွဲများတွင် ပါဝင်နိုင်ဖို့ အခွင့်ရေးများ ကြိုးစားရှာဖွေနေသည် ။

ရုပ်ရှင်လောကသည် အမြဲတမ်းရူပ်ထွေးနေသည်။

ရုပ်ရည်ချောမောရုံ ၊ သရုပ်ဆောင်ကောင်းရုံနှင့် ရုပ်ရှင်မရိုက်နိုင်ပေ ။

ထို့ကြောင့် လွန်ခဲ့သောလ၌ ချောင်အန်းဟောင်ဝင် အစမ်းသရုပ်ဆောင်ခဲ့သမျှသော ပွဲအားလုံးသည် မအောင်မြင်ခဲ့ပါ။

ယနေ့ ကိုးကြိမ်မြောက် အစမ်းသရုပ်ဆောင်ပွဲလည်း မအောင်မြင်ခဲ့ ။

" ချောင်ချောင်ရေ ... နင့်မှာ အရံသရုပ်ဆောင်အနေနဲ့ မျက်နှာပြပြီးကတည်းက ခုချိန်ထိ ရုပ်ရုင်တစ်ကားမှကို မရိုက်ရတော့တာ ... ဒီလိုသာဆိုရင်လေ ... နင်ရော ... ငါရော ... ထမင်းငတ်ကြတော့မယ် ဟ "

ရှောင်မန်းက စိတ်ဆိုးဆိုးနှင့် ပြောနေပေမယ့် သူမကတော့ ငြိမ်နေ၏ ။

ဖုန်းသုံးနေရင်း သူမ သူငယ်ချင်းဘေးမှာ ထိုင်နေသည်။

အေးဆေးတည်ငြိမ်သော အသံနှင့်အတူ သူုပြန်ပြောလိုက်သည်။

" ငါတို့အရင်က ဒီလိုဖြစ်ခဲ့လည်း ထမင်းမငတ်ခဲ့ကြဘူးမလား "

သူမ ထိုကဲ့သို့ပြောနေစဉ်မှာပင် Weibo ရဲ့ ထိက်ဆုံးက ' လုကျန်းညန်' profile ပေါ် မတော်မဆနှိပ်မိလိုက်သည်။

" ငါ ငတ်ရင်ငတ်ပါစေ ... နင့်တော့ အငတ်မထားဘူး "

ဘာမှမဖြစ်သလိုမျိုးနေခဲ့ရင်း သူမစကားပြောတာကို ခဏတစ်ဖြုတ် ရပ်ခဲ့သည်။

" နင်အလုပ်မရရင်တောင် နင်ငါ့ကိုတင်ကျွေးထားနိုင်တာ ငါသိတယ် ... ဒါပေမယ့်ဟ ... ဒီပုံစံအတိုင်းသာဆိုရင် နင့် မိဘ ပေးထားတဲ့အမွေတွေ အကုန်ပြောင်သွားလိမ့်မယ် "

ဘေးမှန်အပြင်ဘက်ကို လှည့်ကြည့်လိုက်စဉ်မှာပင် ချောင်အန်းဟောင်ကို ပြောခဲ့သည်။

သူမရဲ့ ဖုန်းမျက်နှာပြင်ပေါ်က လုကျန်းညန်ပုံကို တွေ့လိုက်ရသောအခါ ...

" ချောင်ချောင် ... နင်ဘာလို့ လုကျင်းညန်ကို နောက်တစ်ကားရိုက်ရဖို့ ကြိုးစားပြီး ဘာလို့မပြောတာလဲ?

သူ နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံနေမှတော့ နင်လည်းသူ့ကို ကောင်းကောင်းအသုံးချသင့်တယ် ။

ပြီးတော့ သူရှာနေသမျှပိုက်ဆံတွေကိုလည်း နင့်ပေးတာ မဟုတ်ဘူး ။

နင့်မိဘတွေက နင့်ကိုထားခဲ့ပြီး လူ့လောကကနေ အစောကြီးထွက်သွားလို့ နင့်ဦးလေးက နင့်ကိုစောင့်ရှောက်ခဲ့တာ ။

ဒါကိုနင်က သူ့အသုံးတော်ခံလုပ်ဖို့ တကယ်ရည်ရွယ်ထားပြီး နောက်ဆုံး နင့်ဦးလေးဆီ ပြန်သွားမလို့လား? "

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now