အခန်း ၁၈ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

Start from the beginning
                                    

ရှောင်မန်းက စိတ်ဆိုးဆိုးနှင့် ပြောနေပေမယ့် သူမကတော့ ငြိမ်နေ၏ ။

ဖုန်းသုံးနေရင်း သူမ သူငယ်ချင်းဘေးမှာ ထိုင်နေသည်။

အေးဆေးတည်ငြိမ်သော အသံနှင့်အတူ သူုပြန်ပြောလိုက်သည်။

" ငါတို့အရင်က ဒီလိုဖြစ်ခဲ့လည်း ထမင်းမငတ်ခဲ့ကြဘူးမလား "

သူမ ထိုကဲ့သို့ပြောနေစဉ်မှာပင် Weibo ရဲ့ ထိက်ဆုံးက ' လုကျန်းညန်' profile ပေါ် မတော်မဆနှိပ်မိလိုက်သည်။

" ငါ ငတ်ရင်ငတ်ပါစေ ... နင့်တော့ အငတ်မထားဘူး "

ဘာမှမဖြစ်သလိုမျိုးနေခဲ့ရင်း သူမစကားပြောတာကို ခဏတစ်ဖြုတ် ရပ်ခဲ့သည်။

" နင်အလုပ်မရရင်တောင် နင်ငါ့ကိုတင်ကျွေးထားနိုင်တာ ငါသိတယ် ... ဒါပေမယ့်ဟ ... ဒီပုံစံအတိုင်းသာဆိုရင် နင့် မိဘ ပေးထားတဲ့အမွေတွေ အကုန်ပြောင်သွားလိမ့်မယ် "

ဘေးမှန်အပြင်ဘက်ကို လှည့်ကြည့်လိုက်စဉ်မှာပင် ချောင်အန်းဟောင်ကို ပြောခဲ့သည်။

သူမရဲ့ ဖုန်းမျက်နှာပြင်ပေါ်က လုကျန်းညန်ပုံကို တွေ့လိုက်ရသောအခါ ...

" ချောင်ချောင် ... နင်ဘာလို့ လုကျင်းညန်ကို နောက်တစ်ကားရိုက်ရဖို့ ကြိုးစားပြီး ဘာလို့မပြောတာလဲ?

သူ နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံနေမှတော့ နင်လည်းသူ့ကို ကောင်းကောင်းအသုံးချသင့်တယ်

ပြီးတော့ သူရှာနေသမျှပိုက်ဆံတွေကိုလည်း နင့်ပေးတာ မဟုတ်ဘူး

နင့်မိဘတွေက နင့်ကိုထားခဲ့ပြီး လူ့လောကကနေ အစောကြီးထွက်သွားလို့ နင့်ဦးလေးက နင့်ကိုစောင့်ရှောက်ခဲ့တာ

ဒါကိုနင်က သူ့အသုံးတော်ခံလုပ်ဖို့ တကယ်ရည်ရွယ်ထားပြီး နောက်ဆုံး နင့်ဦးလေးဆီ ပြန်သွားမလို့လား? "

Xxxx

တစ်တပတ်ကြာပြီးနောက် လုကျင်းညန်ရဲ့ ရုပ်ရှင်အကြောင်း ကြော်ငြာထားသည့် သတင်းမှာ အနုပညာ မဂ္ဂဇင်း၌ ပါလာတော့၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now