Part 90

1.9K 179 13
                                    

Part 90

Kade သားလေးကိုဆေးရုံပို့လိုက်ရတဲ့ သတင်းကြားကြားချင်း Gunကိုဖုန်းဆက်ကာ ဘယ်ဆေးရုံလဲ မေးလိုက်သည်။ ဆေးရုံနာမည်ကိုသိတာနဲ့ တန်းလာလိုက်သည် ခွဲခန်းရှေ့ မှာ စောင့်နေတဲ့ Gunက အကျိုးအကြောင်း ပြောပြသည်။ ကျွန်တော့်ခွဲစိတ်ခန်းရှေ့ မှာ လမ်းလျှောက်ရင်း ဆုတောင်းသစ္စာဆိုပြီး သားဘေးအန္တာရယ် ကင်းရှင်းရန် ဆုတောင်းနေမိသည် ဒေါက်တာထွက်လာပြီး

" ဝမ်းသာပါတယ် သူဌေး ဖိုးဖိုးဖြစ်ပြီ "

ဒေါက်တာစကားကြောင့် ကျွန်တော်အပါအဝင်
အားလုံးပြုံးသွားကြသည်။

" သားလေးမွေးပြီလား "

" ဟုတ်ကဲ့ သူဌေး ဂုဏ်ယူပါတယ်
ယောက်ကျားလေးကိုမှအမွှာလေးပါ "

Gunတို့ ပျော်ရွှင်စွာ ထခုန်မိသည်။ ခွဲခန်းထဲကထွက်လာတဲ့ သားရဲ့လူနာခုတင်ကို Sing ကိုယ့်တိုင် တွန်းလာသည် ဆေးရုံခန်းယူကာ သားလေးကိုလူနာကုတင်ပေါ် ပြောင်းရွှေ့ လိုက်သည် ကျွန်တော့် သားလေးလက်ကို ကိုင်ပြီး သားလေး နိုးတဲ့အထိ စောင့်နေလိုက်သည်။

" ပါပါး..ပါပါး "

Kirstနိုးနိုးချင်း ပါပါးကိုမြင်တာကြောင့်
ဝမ်းသာသွားသည်။

" နိုးလာပြီလား သားလေး "

" နာတယ် အရမ်းနာတယ် ပါပါး "

" သက်သာသွားမှာပါ သားလေး ပါပါးရှီတယ်
မကြောက်နဲ့နော် "

ပါပါးကသူ့လက်ကိုဆုတ်ကိုင်ကာ
အားပေးသည်။ ပါပါးရှီတယ် ဆိုတဲ့စကားက
kirstကို နာကျင်မှုတွေပျောက်ပြီး အားတက်စေသည်။

" ပါပါးလည်းမကြောက်နဲ့ ပါပါးနားမှာ ကျွန်တော့်ရှီတယ် သားအတွက် ဆေးကုသခံပေးပါပါပါး"

သားလေးပြောရင်း မျက်ရည်ကျလာသည် သားလေးမျက်ရည်ကို သုတ်ပေးလိုက်ပြီး သားလေးနဖူးကို နမ်းလိုက်သည်။

" အခုမှကလေးမွေးထားတာ မငိုရဘူးသားလေး
မငိုပါနဲ့ "

သူနာပြုဆရာမတွေက ကလေးကို အခန်းထဲသို့
ခဏခေါ်လာသည် Sing နဲ့ Gxxodက သားတွေကို ပွေ့ချီလိုက်သည်။

" Babyလေး သားတွေကို ကြည့်အုန်း "

Kit ကလေးတွေကို ကြည့်ပြီး

" ဟင်...ဘယ်သူက kitကလေးလဲ ကိုကို "

Kit စကားကြောင့် အားလုံးရယ်မိသည် kit က ကိုယ့်ဝန်ငါးလရောက်ကတည်းက ဗိုက်ကြီးပူလွန်းလို့ ရှက်လို့ ဆိုပြီး ဆေးရုံသွားပြီး အာထရာဆောင်းမရိုက်ခဲ့ဘူးလေ ဒေါက်တာနဲ့ ပဲ အိမ်မှာ စမ်းသပ်ခဲ့တာ အခုမှသိတယ် kitက အမွှာကိုယ့်ဝန်ဆောင်ရလို့ ဗိုက်ကလိုတာထက် ပိုပူခဲ့တာ

" kitဗိုက်ထဲက မွေးတဲ့ ကလေးလေးက
နှစ်ယောက်လေ "

" ဗျာ နှစ်ယောက်တောင် ...အဲ့ဒါကြောင့် kitဗိုက်အသေနာတာ သူတို့နှစ်ယောက်က အသေကန်နေတာကိုး အဟင့်...ဟင့် "

ကလေးကို မကြည့်သေးပဲ သူဒုက္ခသူရွတ်နေတဲ့ Babyလေးကြောင့် အားလုံးပြုံးနေကျသည်

" Daddy ချီကြည့်ပါအုန်း သားလေးက သေးသေးလေး ချစ်စရာလေး အသဲယားလိုက်တာ "

Kade Singလက်ထဲက မြေးငယ်ကို ချီလိုက်သည်။

" အရမ်းချစ်စရာကောင်းတာပဲ "

" kit လည်း ထကြည့်ချင်တယ် ကိုကို "

" မထနဲ့ သားလေး ထလို့မရသေးဘူး ..."

Kade မြေးလေးကို သားလေးနားတိုးပြီး ပြလိုက်သည် kitကလေးပါးကို ကိုင်ပြီး အူယားလာသည်

" ကိုက်စားချင်လိုက်တာ. "

" ဟားဟား ဟားဟား "

Kitစကားကြောင့် အားလုံးဝိုင်းရယ်မိသည် ကလေးကို ကြည့်ပြီး အရမ်းအသဲယားနေတဲ့ Baby kit ပုံစံက သားတွေထက်ကို ပိုချစ်စရာကောင်းတယ်

♥♥♥♥

Baby Bossရဲ့ ထူးဆန်းသောကောင်လေးတွေ အမွှာနှစ်ယောက်အတွက် နာမည်လေးတွေ စဉ်းစားထားတာရှီလား ရှီရင် cmt မှာ မန့်ခဲ့ပါ

Baby BossWhere stories live. Discover now