Part 9

2.5K 247 1
                                    

Part 9

BossကSingtoကို ကြိုငွေထုတ်ပေးပြီးနောက်ပိုင်း ညဆိုသူအခန်းမှာတောင် ခေါ်ပြီး အလုပ်ခိုင်းနေပြီ
စံအိမ်ဝန်းထဲမှာ အတူနေရလို့တော်သေးတယ် အလုပ်သမားတွေနေတဲ့အဆောင်မှာ ဦးလေးက ကျွန်တော်အတွက် အခန်းလုပ်ပေးလို့ တော်သေးသည်  အခုလည်း Bossက Centre ဖွင့်ပွဲအတွက်အားသန်နေသလို့ စာရေးဆရာ Yorch အတွက် အစီအစဉ်တွေ အများကြီးလုပ်ပေးနေသည်

" Boss  "

i pad ကြည့်ရင်း ကျွန်တော်ခေါ်လို့ မော့ကြည့်ပြီး

" ဘာလဲ ဂျိုကာ  "

"  ကျွန်တော်မေခွန်းတစ်ခုမေးလို့ ရမလား "

" မေးလေ  "

" မေးပြီးရင်တော့ ကျွန်တော်ကို အလုပ်မထုတ်ရဘူးနော် ကျွန်တော်သိချင်လို့ မေးတာ "

" မေးလေ  "

" အလုပ်မထုတ်ဖူးလို့ အရင်ကတိပေးမှ  "

" မထုတ်ဖူး မေး " 

kitစိတ်မရှည်ကာပြောလိုက်သည်။

" Boss စာရေးဆရာကို ကြိုက်နေတာလား "

" ဟာ... မင်းကလည်း ... "

ကျွန်တော်မေးမိတာ မှားပြီထင်တယ်

" ဟုတ်တယ်   "

ဟုတ်တယ် တဲ့ Boss ပြန်ဖြေတာက ဟုတ်တယ်တဲ့ ကျွန်တော်လည်း ဆက်မေးဖို့ အားရှီသွားသည်။ 

" ဘယ်တုန်းကလဲ စာရေးဆရာလေး ကြည့်ရတာ ဟိုတနေ့ကမှ Boss ကိုပထမဆုံးတွေ့ဖူးတဲ့ပုံစံ "

"ငါအလယ်တန်းတုန်းက သူကအထက်တန်း
ငါကပဲ အမြဲတမ်း သူကိုခိုးကြည့်ခဲ့ရတာ သူကတော့မသိပါဘူး  အဲ့ကျောင်းမှာ သူမရှီတော့တာနဲ့ ငါလည်းကျောင်းမတက်တော့ပဲ  သင်တန်းတွေတက်ပြီး အဖိုးလုပ်ငန်းတွေစိတ်ဝင်စားလာတာ   "

" Boss အသက်အခု ဘယ်နဲ့နှစ်လဲ  "

" ၁၆ နှစ်ပြည့်တော့မယ်  "

" အရမ်းငယ်သေးတာပဲ  "

" ငါကလေး မဟုတ်ဘူးနော်  "

" ကျွန်တော်သိပါတယ် Bossက ကလေး မဖြစ်ချင်တာ ဟုတ်လား  "

" ဟုတ်တယ် ငါကလေးမဟုတ်ဘူး ငါဘာသာရပ်တည်နိုင်ပြီး အရည်းအချင်းရှီတဲ့သူတစ်ယောက်ပဲ  "

" ဒါပေမဲ့ Boss ဒီအိမ်က အလုပ်သမားတွေရော ကုမ္ပဏီက ဝန်ထမ်းတွေရော ပြီးတော့ ကျွန်တော် အားလုံး Boss ထက်အသက်ကြီးတယ်  "

" မင်းက ဘယ်နဲ့နှစ်လဲ   "

kitနှုတ်ခမ်းဆူသွားကာမေးလိုက်သည်။

" ကျွန်တော်က ၂၂ ပြည့်တော့မယ် အဲ့တော့ Boss ကိုယ့်ကိုကိုယ့် ငါ ငါ လိုမသုံးနှုန်းပဲ ကျွန်တော် ကျွန်တော်လို့ သုံးပါလား  "

" မင်းပြောသလို ငါ လုပ်စရာလား လူတိုင်းကို
ငါဒီလိုပဲ ပြောတာပဲ  "

" ဒါပေမဲ့ Boss ပြုပြင်သင့်တယ် ကျွန်တော် ကျွန်တော်လို့ သုံးတော့ စာရေးဆရာလည်း Boss ကို အရွယ်ငယ်ပြီး ရင့်ကျက်တယ်လို့ မြင်မှာပေါ့ "

" တကယ်လား ဂျိုကာ "

စာရေးဆရာဆိုတာနဲ့ လေသံပြောင်းသွားသည်။

" တကယ် Boss ပြင်ပြောကြည့်ပါလား "

" အင်း ငါပြင်ပါမယ် "

" Boss!  "

" ကျွန်တော် ပြင်ပါမယ် "

စာရေးဆရာနဲ့  ကိုင်ပေါက်တော့လည်း Baby Bossလေးချက်ခြင်းနားထောင်သည် Baby Boss ဆိုတဲ့ ဒီကလေးပေါက်စမှာ ဒီလို နက်ရှိုင်းတဲ့အချစ်
ရှီနေတာပဲ ဖြူစင်လိုက်တာ Baby လေးရယ်

Baby BossWhere stories live. Discover now