Part 7

2.7K 261 3
                                    

Part 7

" ကျွန်တော်နဲ့ တွေ့ချင်လို့ စောင့်နေတာ
သုံးနာရီတောင်ရှီပြီဆို "

Yorchကအားနာစွာဆိုသည်။

" ဟုတ်ကဲ့ ကျွန်တော်နာမည်က Singto Prachaya ပါ diamond royal ကုမ္ပဏီက boss ရဲ့ အတွင်းရေးမှူးပါ  "

" aww ဟုတ်ကဲ့ diamond royal က အတွင်းရေးမှူးကို ကျွန်တော်အကြာကြီး စောင့်ခိုင်းသလို ဖြစ်သွားတယ် ကျွန်တော်လည်း အာရုံရတုန်းစာရေးနေတာနဲ့ ကြာသွားတယ်"

စာရေးဆရာ Yorch ကို ကြည့်ရတာအရွယ်ငယ်သလောက် အေးဆေးတည်ငြိမ်ပြီး ကြည့်ကောင်းသည်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့အောင်မြင်မှု ရထားတာဆိုတော့  မာန်မာနတော့ ရှီမယ်ထင်တယ် 

" ရပါတယ် ကျွန်တော်တို့ ဖွင့်မဲ Centre အသစ်မှာ စာရေးဆရာရဲ့  ထွက်ရှီသမျှစာအုပ်တွေကို ထားချင်တယ် အရောင်းပြခန်း လက်မှတ်ထိုးပွဲလည်း လုပ်ချင်တယ် အဲ့ဒါ စာရေးဆရာ အနေနဲ့ ခွင့်ပြုနိုင်မလားလို့ ပါ  "

" Boss ကိုယ့်တိုင် ဆန္ဒရှီတာလား  "

" ဟုတ်ကဲ့   Bossလည်း ဖြစ်စေချင်တဲ့ ဆန္ဒပါ  "

" ကောင်းပါပြီ ကျွန်တော်လက်ခံပါမယ် "

" ဗျာ တကယ်လား  " 

လွယ်လွယ်နဲ့လက်ခံသွားတာကို
မယုံကြည်နိုင်ဖြစ်သွားသည်။

" တကယ်ပြောတာပါ  "

" အဲ့ဒါဆို ကျွန်တော်ကို ဒီဖောင်လေးထဲမှာ လက်မှတ်ထိုးပေးပါ့လား "

" ဗျာ စာချုပ်လား "

" စာချုပ်တော့ မဟုတ်ပါဘူး 
ကျွန်တော်ရဲ့Boss က တိကျမှကြိုက်တာဆိုတော့  "

" နားလည်ပါပြီ လက်မှတ်ထိုးပေးလိုက်ပါမယ်  "

ကျွန်တော်ပျော်ရွှင်စွာပဲ ကုမ္ပဏီကို ပြန်လာလိုက်တော့ Boss ရှီမနေဘူးဘယ်လို့ဖြစ်ပါ့လိမ့်  ဘယ်သွားပါ့လိမ့်

" Job!   Boss ဘယ်သွားလဲ  "

" အိမ်ပြန်သွားတယ် "

" အစောကြီးပြန်သွားတယ် ပြီးတော့
ဘယ်သူလိုက်ပို့တာလဲ "

" မန်နေဂျာ Few  လိုက်ပို့ပေးတာပဲ  "

" ကျေးဇူးပဲ Job ငါ အိမ်လိုက်သွားလိုက်အုန်းမယ် "

Baby BossWhere stories live. Discover now