Part 35

2.4K 263 10
                                    

Part 35

Kirst

ဂျိုကာက ဟိုတယ်ဝင်စရာရှီလိုဆိုပြီး  အရင်ကုမ္ပဏီ ကိုသွားနှင့်ပြီဖြစ်သည်။ ဒါရိုက်ဘာ အသစ်ရတာနဲ့ ကုမ္ပဏီ အတူတူမသွားဖြစ်တော့ဘူး

" Ken!  "

" အမိန့် ရှီပါ Boss  "

"  ကိုယ့်ချစ်တဲ့သူကို အမှတ်တရ
လက်ဆောင်ပေးချင်ရင် ဘာပေးရင်ကောင်းမလဲ  "

" ဗျာ! "

" ဘာတဗျာဗျာလုပ်နေတာလဲ
ငါမေးတာမကြားလို့လား "

" ကြားပါတယ် "

Ken ရှေ့ကြည့်မှန်ကနေ Bossကိုကြည့်ကာ
ဖြေလိုက်သည်။

" လူကြိုက်အများဆုံးလက်ဆောင်က
ပန်းနဲ့ အရုပ်ပါ Boss  "

"ဟုတ်လိုလား  "

" ဟုတ်ပါတယ်  ဘယ်သူကိုမေးမေး
ပန်းနဲ့အရုပ်မကြိုက်တဲ့သူ မရှီပါဘူး  "

" အဲ့ဒါဆို  အရုပ်ဆိုင်သွားရအောင်   "

" အခုချက်ခြင်းလား "

" အင်းလေ "

"  Bossသဘောကျတဲ့သူက ဘယ်လိုလူမျိုးပါလိမ့် "

" အဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲ "

Ken ခေါင်းရမ်းလိုက်သည်။ Bossဘယ်သွားသွား
သူအမြဲလိုက်ပို့နေကျဖြစ်သည်။ ဒီရက်ပိုင်း
Boss တွေ့ဆုံပွဲတွေဘာတွေလည်း
မသွားဖြစ်ပါဘူး ဧကန္တ လိုင်းပေါ်မှာတွေ့တဲ့
မိန်းမပျိုလေးအတွက်များလား

" မြန်မြန် Ken "

" ဟုတ်ကဲ့ Boss "

အရုပ်ဆိုင်မှာအရုပ်တွေကြည့်ရင်း ခန့်ခန့်ညားညား ခြင်္သေ့ရုပ်ကို သဘောကျသွားပြီးဝယ်လာခဲ့လိုက်သည်။

" ခြင်္သေ့ရုပ်ပေးမယ့်အစား
ဝက်ဝံရုပ်ပေးပါလား Boss  "

" မင်းက အခုမှလာပြောနေ ငါက ဝယ်ပြီးပြီ  "

"ဟုတ်ကဲ့ Boss  "

Bossကတော့ခက်တာပဲ ဘယ်မိန်းကလေးက ခြင်္သေ့ရုပ်ကြိုက်မှာလဲ ပန်းဆိုင်ဝင်ရင်တော့ လိုက်ဝယ်ပေးမှ ဖြစ်တော့မယ်

" Boss နှင်းဆီပန်း သစ်ခွပန်း ဘယ်ဟာ
ထုတ်လိုက်ရမလဲ  "

" ကျူလစ်ပန်း   "

Baby BossWhere stories live. Discover now