Part 85

1.9K 185 10
                                    

Part 85

"ပါပါး..ပါပါး  "

Babyလေးယောင်ပြီး နိုးလာသည် Daddyက Babyလက်ကိုကိုင်ပြီး Babyလေးနားမှာ အိပ်ပျော်နေတာ တွေ့တော့မှ Babyလေး စိတ်အေးသွားတယ်ထင်တယ် Daddyနဖူးကိုစမ်းနေသည်။

" Baby နိုးပြီလား  "

" ဟုတ်ကဲ့   "

"ဖော့က အစောကနမှ အိပ်ပျော်သွားတာ
ဖော့နိုးရင် Babyကို
ဆူလိမ့်မယ်  "

" ဟင်..ဘာဖြစ်လို့လဲ P'Gun  "

"Babyပေါက်စ ဘာဖြစ်လို့လဲ ပြန်မေးနေရသလား အစာမစားပဲမေ့လဲသွားတာ ဖော့ကသိသွားလို့ ပေါ့  "

P'Godပြောတော့မှ Baby ကျွန်တော့်ကို လှမ်းကြည့်ပြီး

"ကိုကို kitဗိုက်ဆာတယ်  "

" ဟားဟား  မလွယ်ပါ့လား  "

"တိုးတိုး Daddyနိုးသွားလိမ့်မယ်  "

" ဟုတ်တယ် P'Offကလဲ အကျယ်ကြီးအော်တယ်  "

Kit သူ့ပါပါးကိုပြန်ကြည့်ကာ
မျက်နှာမှိုင်သွားပြန်သည်။

" ပါပါးပိန်သွားသလိုပဲ ကျွန်တော့်နေရာမှာ ဦးစီးရလို့  ပင်းပန်းနေပြီ ဒီဗိုက်ထဲကကောင်လေးက မြန်မြန်အပြင်မထွက် လာသေးဘူး
ကျွန်တော်အလုပ်လုပ်ချင်ပြီ "

Babyလေးထင်တာ Daddy အလုပ်ပင်ပန်းလို့ ပိန်သွားတယ်ထင်နေသည်။

"စားပွဲအဆင့်သင့်ဖြစ်နေပြီ Baby သွားစားရအောင် "

" ဟင့်အင်း ပါပါးကကျွန်တော့်လက်ကို
ကိုင်ထားတာ ဒီလက်ကိုမဖယ်နိုင်ဘူး  "

" အဲ့တာဆို Gun မင်းတို့ သွားစားလိုက်တော့ မင်းတို့လည်း တစ်နေကုန် ဘာမှမစားရသေးဘူး  "

"ငါတို့ကရပါတယ်  Baby ကရော  "

"ငါ ခွံကျွေးလိုက်မယ်  "

Babyလေး ပါပါးသူလက်ကိုကိုင်ထားတာကို ကြည့်နှူးနေသည် 

" သားလေး  "

" ပါပါးနိုးလာပြီလား  "

Babyလေးအစာမစားခင်ပါပါးနိုးလာသည်။
ပါပါးကနိုးနိုးချင်းထထိုင်သည်။

" သားလေးရယ် ဘယ်လိုလုပ်လိုက်တာလဲ ပါပါးလန့်သွားတာပဲ မြေးလေးတော့သနားပါတယ် မသိတက်တဲ့ကောင်လေး ဝမ်းထဲရောက်နေလို့  "

" ပါပါးကလည်း   "

" ပါပါးကလည်းလုပ်မနေနဲ့  သားလေးအဲ့လိုလုပ်မယ်ဆိုရင် ပါပါးဟောင်ကောင်ကိုပဲ ပြန်တော့မယ်  "

Kirst စိုးရမ်ပြီး ပါပါးကိုဖက်လိုက်သည်။ ပြီးတော့ ငိုချလိုက်သည် kirst.ငိုတာကြောင့် ထမင်းစားခန်းထဲက Gunတို့နဲ့ Babyလေးအတွက်ထမင်းပြင်နေတဲ့Singto Babyလေးရဲ့ အသံပြဲစွာ အော်ငိုသံကြောင့် ချက်ခြင်းပြေးလာလိုက်သည်

" ဖော့နိုးနေပြီပဲ  "

" Daddy  "

Daddy ရယ်ပြီး

" သားလေး မငိုနဲ့တော့   "

Kirst Daddyကိုအတင်းဖက်ထားပြီး အာပြဲအောင် ထပ်ငိုနေပြန်သည်  ကျွန်တော့်တို့့အားလုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နားမလည်စွာဖြစ်နေသည်။

5 June 2019

Baby BossWhere stories live. Discover now