Part 81

1.8K 206 8
                                    

Part 81

ဒေါက်....ဒေါက်

သူဌေးဆီတင်ပြဖို့အခန်းတံခါးကိုခေါက်ပေမဲ့
အထဲကပြန်ဖြေသံမကြားတာနဲ့ အတွင်းရေးမှူးက အထဲမှာဧည့်သည်မရှီဘူးဆိုကာ ဒီအတိုင်း
ဝင်ခိုင်းသည်။ ကျွန်တော့် အခန်းထဲဝင်လိုက်တော့ ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ သူဌေးကို တွေ့ရသည်။

" သူဌေး..သူဌေး  "

ချက်ခြင်းပဲ ဆေးရုံကားခေါ်ပြီး
ဆေးရုံသို့ပို့လိုက်ရသည်။

" သူဌေး ဘယ်လိုနေလဲ  "

" သက်သာပါပြီ သခင်လေးSing  "

" ဒေါက်တာ ကျွန်တော့်ကို ဖုန်းမကွယ်ပဲ ပြောပြပါ  သူဌေးဘာဖြစ်တာလဲ  "

" ဘာမှမဖြစ်ပါဘူး  "

ကျွန်တော့် ချက်ခြင်းပဲ အခန်းထဲဝင်လိုက်သည်
ဆေးသွင်းထားပြီး သူဌေး အိပ်ပျော်နေသည်။

တူ..တူ

ဖုန်းလာတာကြောင့် sing ကိုင်လိုက်သည်

" P'Off ပြောပါ  "

" ငါတို့ကုမ္ပဏီရောက်နေတာ သူဌေးမေ့လဲသွားလို့ ဆေးရုံမှာဆို ဘယ်ဆေးရုံမှာလဲ  "

ကျွန်တော့် P'Off ကိုဆေးရုံနာမည်ပြောပြလိုက်သည် တစ်နာရီတောင်မကြာဘူး P'Off နဲ့ Gun ရောက်လာသည်။

" ဦးလေးဘာဖြစ်တာလဲ   "

" ကျွန်တော့်လည်းအဲ့တာ သိချင်နေတာ သူဌေးရော ဆရာဝန်ရော တစ်ခုခုဖုန်းကွယ်ထားသလိုပဲ သူဌေး နေမကောင်းတာကြာပြီ ကျွန်တော် babyလေးစိတ်ဆင်းရဲမှာ ဆိုးလို့ မသိချင်ယောင်ဆောင်နေတာ "

" ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး ဦးလေးက ဘယ်လောက်တောင်စိတ်ထားကောင်းလိုက်လဲ  သူတော်ကောင်းဖြစ်တဲ့ ဦးလေးဆီမှာ ရောဂါရှီတာ မဖြစ်နိုင်ပါဘူး  "

Gun မျက်ရည်ကျရင်းပြောလိုက်သည်။

" မငိုပါနဲ့ ပိစီ   "

Off Gunကိုဖက်ပြီး နှစ်သိမ့်လိုက်သည်။

" Sing..."

" ဦးလေး နိုးလာပြီလား  "

သူဌေး Gunတို့ကို ကြည့်ပြီး

" ဘာလို့ သူတို့ကိုပါ ခေါ်လိုက်တာလဲ Sing  "

"Sing ခေါ်တာမဟုတ်ပါဘူး ဦးလေး ကျွန်တော့်တို့ ကုန်တိုက်မှာ လိုအပ်တဲ့ပစ္စည်းကို စက်ရုံမှာ ထုတ်ပေးဖို့လာ အစီရင်ခံစာတင်ရင်း သိရတာပါ  "

Off က သူဌေးကို ရှင်းပြလိုက်သည်။

" သွင်းထားတဲ့ဆေး ကုန်တော့မှာပဲ
ဆရာဝန်ခေါ်လိုက်ပါ Sing  "

" ဟုတ်ကဲ့ သူဌေး  "

ဆေးကုန်တာနဲ့ သူဌေးအိမ်ပြန်မယ်ပြောတာနဲ့
ကျွန်တော့်တို့ အားလုံး ကားနဲ့ ပြန်လာကျသည်။ ကားရှေ့ ခန်းတွင် ကျွန်တော့်နဲ့ P'Off ထိုင်ပြီး ကားနောက်ခန်းတွင် သူဌေးနဲ့ Gunထိုင်သည်။ လမ်းမှာ Gunက မျက်ရည်ကျနေတာကြောင့်

" Sing ကားရပ်လိုက်ပါ "

ကားကိုလမ်းရှင်းတဲ့ဘက် ထိုးရပ်လိုက်သည်။

" ဘာဖြစ်လို့ ငိုတာလဲ ကောင်လေး  "

"ဦးလေးတစ်ခုခုဖြစ်နေတယ် မဟုတ်လား "

" အားနည်းလို့ မေ့သွားတာပါ
ဦးဘာမှမဖြစ်ပါဘူး ကောင်လေးတို့  "

" တကယ်လား ဦးလေး  "

ငိုနေတဲ့Gun မျက်ရည်ကို Kade သုတ်ပေးလိုက်သည်။

" မငိုပါနဲ့  ဦးလေးကြောင့် အရမ်းလန့်သွားတာလား "

" ဦးလေးက ကျွန်တော့်တို့ အားလုံးရဲ့အဖေပါ "

P'Off ကပြောလိုက်သည်။

ဒီကလေးတွေ ကျွန်တော်ကိုတော်တော်စိတ်ပူ
သွားကြတာပဲ သားလေးပြောတာမှန်တယ်။
ဒီကလေးတွေက စိတ်ထားကောင်းပြီး
မေတ္တာပြည့်ဝတဲ့ နှလုံးသားပိုင်ရှင်တွေပဲ။

" ဦးလေးက ကောင်လေးတို့အဖေ ဟုတ်လား "

" ဟုတ်တယ် ဖော့(အဖေ)..ကျွန်တော့်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ အဆင်ပြေနေနိုင်တာ ဖော့ကြောင့်ပါ  ဖော့နေမကောင်းရင် ကျွန်တော့်တို့လည်း မပျာ်ဘူး စိတ်ပူတယ် စိုးရိမ်တယ်ဖော့"

Gunက သူဌေးကို အဖေလို့ခေါ်လိုက်သည်။

" ဒီလောက်လိမ်မာတဲ့ သားတွေရှီတာ ပါပါးအားတက်တယ် Sing လည်း ပါပါးကို သူဌေးလို့ မခေါ်နဲ့တော့  "

" ဟုတ်ကဲ့ Daddy "

Sing သူဌေးကို Daddy လို့ခေါ်လိုက်သည်။
ပြီးတော့ ကျွန်တော့်တို့ အားလုံး စိတ်ပူခြင်း ပျော်ရွှင်ခြင်း ခံစားချက် ပေါင်းစုံနဲ့ အိမ်ပြန်လာခဲ့ကျသည်။

15 May 2019

Baby BossWhere stories live. Discover now