Part 86

1.6K 167 15
                                    

Part 86

Kade ငိုနေသောသားလေးကို ပြန်ဖက်ထားလိုက်သည်
ခေါင်းက ရုတ်တရက် ပြန်ကိုက်လာသည်။ သားလေးကို ခပ်တင်းတင်းဖက်ပြီး ဝေဒနာကို ကျိတ်မှိတ်ခံစားနေလိုက်သည်

" Daddy...Daddy ခေါင်းကိုက်လို့ လား "

Sing စိတ်ပူပြီးမေးလိုက်သည် kirstငိုနေရင်းနဲ့ Daddyကိုဖက်ထားရာကနေခွာလိုက်သည်။

" ပါပါး!  "

ပါပါးအိပ်ရာပေါ်မှာပြန်လှဲပြီး kirstလက်ကို
ကိုင်လိုက်သည်

" မငိုနဲ့  ပါပါးပြောတာနားထောင်  "

" ပြန်မယ်ဆိုတဲ့စကားဆိုနားမထောင်ချင်ဘူး...မပြန်ပါနဲ့ ကျွန်တော့် ကိုစိတ်ဆိုးနေတာသိပါတယ်  ကျွန်တော့် P'Singနဲ့ လိုက်သွားမိတာ အမှားတစ်ခုဆို ...."

" သားလေးမမှားပါဘူး..မမှားပါဘူး Singကို Papa.သားမက်တော်ရလို့ အရမ်းဂုဏ်ယူမိပါတယ် Sing ကအရည်အချင်းအများကြီးရှီပြီး စိတ်ထားကောင်းတဲ့သူပ့ါ ပါပါးမသိလို့တားခဲ့တာပါ Sing.နဲ့အတူအလုပ်လုပ်မှ ပါပါးကသူစိတ်ဓာတ်ကိုသိလာတယ် အလုပ်ကြီုးစားပြီး ရိုးသားတဲ့လူပါ  "

" အဲ့ဒါဆိုဘာလို့ ပြန်မှာလဲ ပါပါးမပြန်ပါနဲ့  "

" သားလေးကို စိတ်ချသွားလို့ပါပါးပြန်မှာပါ
ပါပါး ဒီနိုင်ငံမှာ မနေချင်တော့ဘူး "

" မပြန်ရဘူး ဘယ်နိုင်ငံဖြစ်ဖြစ်
ကျွန်တော့်နဲ့နေရရင်ပါပါးပျော်ရမယ်လေ
ပါပါးမြေးကို ကြည့်ရအုန်းမယ်လေ သေချာပါတယ်ပါပါး ဒီကောင်လေးက ချစ်စရာကောင်းမှာပါ
ပါပါးသူကိုထိန်းပေးရအုန်းမယ်လေ  "

Gunနဲ့ Bas...ပါပါးKadeနားကိုကပ်လာကာ

" ဖော့ ကျွန်တော့်တို့မလိမ်မာလို့လား
ကျွန်တော့်တို့နားက ဘယ်မှမသွားပါနဲ့  "

Daddyမျက်စီမှိတ်သွားပြီး ကျွန်တော့်ကိုခေါ်နေသည်။

" Sing  "

"ဗျာ Daddy "

" kitကို ထမင်းစားခိုင်းအုန်း "

" ဟုတ်ကဲ့  Daddy  "

Kirst ငိုယိုပြီး

" ပါပါးလည်း ဘာမှမစားရသေးဘူး.. အဟင့်..ဟင့်...ပါပါစဆန်ပြုတ်သောက်မလား  "

" သားလေး မင်းက အရမ်းနားညီးတာပဲ ...တော်ပြီ ပါပါးအခန်းထဲမှာပဲ သွားနားတော့မယ်. "

ပါပါးကုတင်ပေါ်ကဆင်းတော့ Off ထိန်းပေးလိုက်သည်

" သားOff! ပါပါးကိုအခန်းထဲလိုက်ပို့ပါ  "

" ဟုတ်ကဲ့ ဖော့  "

လိုက်သွားမဲ့ Babyလေးလက်ကိုလှမ်းဆွဲလိုက်သည်

" ကိုကို ..ကိုကို...ဟင့်...အဟင့်  .."

ဝမ်းနည်းသွားသောBabyလေးကို
ဖက်ထားလိုက်သည်။

" အစာစားရအောင်Baby..ပါပါးကို စိတ်ချမ်းသာစေချင်ရင် ထမင်းစားရအောင်  "

"စားချင်စိတ်မရှီဘူး  "

"အစောန ဗိုက်ဆာတယ်လို့ပြောထားတယ်လေ kit "

" အခုမစားချင်ဘူး P'Gun  "

" စားရအောင်နော် 
ပါပါးမပြန်အောင် ကိုယ်ပြောပေးမယ်. "

" တကယ်နော် ကိုကို  "

" အင်း  "

ကျွန်တော့်တို့  Babyလေးကို အစားကိုချော့ပြီး ကျွေးလိုက်သည်  ပါပါးကိုတိုက်မဲ့ ဆန်ပြုတ်ယူပြီး အပေါ်တက်မယ်လုပ်တော့

" ကိုကို ကျွန်တော့်လည်း လိုက်မယ်  "

"Daddyက Babyလေးကို အပေါ်မတက်စေချင်လို့  အောက်မှာ အခန်းလုပ်ပေးထားတာလေ အောက်မှာပဲ နေပါ  "

" ဒါပေမဲ့ အခု ပါပါးမှ နေမကောင်းတာ ကျွန်တော့် အပေါ်တက်ချင်တယ်  "

" Baby!!  "

" မလိုက်ပါနဲ့ Kirst အစ်ကိုနဲ့စကားပြောရအောင်  "

Gunက Babyလေးကိုထိန်းပေးသည် ကျွန်တော့် Daddyအခန်းထဲရောက်တော့ Daddyအိပ်ပျော်နေသည် ဆန်ပြုတ်ကို စားပွဲပေါ်မှာ တင်ပြီး 
Daddy ကို အဝတ်အစားလဲပေးဖို့ ဗီရိုကိုအဖွင့် ဗီရိုအပေါ်က စာအိတ်အကြီးကို တွေ့ ပြီ့း ဖွင့်ကြည့်လိုက်တော့ ဓာတ်မှန်တစ်ချို့ နဲ့ ဆေးစာရွက်ကို တွေ့သည် ဆေးစာရွက်ကို ကြည့်ပြီး ကျွန်တော့် အရုပ်ကျိုးပျက် ထိုင်ချမိသည်  Daddyမကြားအောင် လက်ကိုကိုက်ပြီး ငိုကြွေးမိသည်။

Baby BossWhere stories live. Discover now