Part 77

2.1K 236 11
                                    

Part 77

" Kirst !!  "

"အစ်ကိုတို့   "

အလုပ်ကနေ အစောကြီးပြန်လာတဲ့
အစ်ကိုတို့ ကိုကြည့်ပြီး kit ပျော်ရွှင်သွားသည်။

" အခုမှ လေးနာရီတောင်မထိုးသေးဘူးပြန်လာပြီ
ခါတိုင်း ခြောက်နာရီထိုးမှ ပြန်လာတာကိုး  "

P'Gun က ပြုံးပြီး

" အစ်ကိုတို့က ကုန်တိုက်ကနေ အစောပြန်လာလို့ ရတယ်လေ P'Sing လို့ သူဌေးနားမှာ နေရတာ
မဟုတ်လို့လေ   "

" ဟုတ်တယ် အစ်ကိုတို့ ဝန်ထမ်းတွေ အားလုံးကို အပြင်အလုပ်ကိစ္စတွေ ခိုင်းလိုက်တယ် ဈေးလည်ဝယ်ခိုင်းလိုက်တယ်  တချို့ ဝန်ထမ်းတွေ့ ကျတော့
မီးဖိုးချောင်မှာ ဟင်းအမယ်ဆယ့်ငါးမျိုးလောက် ချက်ခိုင်းလိုက်တယ်  "

P' Off စကားကြောင့် kit နားမလည်စွာဖြစ်သွားသည်

" ဘာလို့အဲ့လိုလုပ်လဲ သိချင်နေတာလား Baby  "

" ဟုတ် P'God  "

" Kirst ခြံထဲမှာ လမ်းဆင်းလျှောက်ရအောင်လို့ လေကောင်းလေသန့် ရပြီး စိတ်တွေလန်းဆန်းစေချင်လို့  "

" မလျှောက်ချင်ပါဘူး Bas  "

" အစ်ကိုတို့အားလုံးနဲ့အတူ စကားပြောပြီး လေညင်းခံရအောင် Kirst  "

" ဟုတ်တယ် kirst အခန်းထဲမှာနေတာမကောင်းဘူး ဒီကအစ်ကိုတွေပြောတာ နားထောင်လိုက်ပါ  "

Mohကပါ ကျွန်တော့်ကို အပြင်ထွက်လမ်းလျှောက်စေချင်တာကြောင့် ကျွန်တော်ခေါင်းညိတ်လိုက်သည်။ P'Off နဲ့ P'God က ကျွန်တော့်ကိုတွဲပြီး ခြံထဲမှာ လမ်းအတူလျှောက်ပေးသည် ကျွန်တော်ရယ်အောင် ရယ်စရာစကားတွေလည်း ပြောပေးကျသည်

" Baby မောနေပြီလား  "

" ဟုတ်ကဲ့   "

ခြံထဲက ခင်းထားတဲ့ ထိုင်ခုံတွေမှာ ထိုင်လိုက်သည်

" Gun သစ်သီးသွားယူလိုက်အုန်း  "

" ဟုတ်ကဲ့  "

P'Gunက သစ်သီးယူပြီး ကျွေးသည်

" အစ်ကိုတို့က ကျွန်တော့်စိတ်ညစ်တယ်ထင်ပြီး အလိုလိုက်နေတာလား "

" Babyက အခန်းထဲက အပြင်မထွက်တာ ဗိုက်ထဲက ကလေးအတွက် မကောင်းဘူး "

P'God ပြောတော့ Basကပါ ထောက်ခံပြီး

" ဟုတ်တယ် ကိုယ်ဝန်ဆောင်က လမ်းလျှောက်ပေးရတယ်  လေကောင်းလေသန့် ရှုပေးရတယ် သစ်သီးဖျော်ရည်တွေ သောက်ပေးရတယ် ရှီသေးတယ် ငါလည်းမေ့သွားပြီ Kirst စာအုပ်ထဲမှာတော့ ရေးမှတ်ထားတယ် Fb မှာလည်း Share ထားတယ်  "

"ဗျာ အစ်ကိုတို့က အဲ့လိုတွေ Share ထားတော့ ရှက်စရာကြီး"

Kirst. အံသြသွားသည် သူကသာ ဗိုက်ထဲက ကောင်လေးကြောင့် ရှက်နေပေမဲ့ Pတို့ ကတော့ ဂရုစိုက်ပြီး လေ့လာနေကျသည်

" ရှက်စရာမဟုတ်ဘူး ဂုဏ်ယူစရာKirst "

P'Off က ဂုဏ်ယူစရာပြောပြီး ပြုံးနေသည်

" ဟုတ်တယ် အဲ့တာကြောင့် အစ်ကိုတို့အလုပ်စောစော ပြန်လာမယ် နေတိုင်းနေ့  ဒီလိုလမ်းလျှောက်ကျမယ် စကားတွေပြောကျမယ် Kirst စိတ်လန်းဆန်းသွားအောင် အစ်ကိုတို့လုပ်ပေးမယ်  "

P'Gunပြောတာမှန်တယ် ကျွန်တော့်အခုအရမ်းစိတ်ချမ်းသာတယ် မွန်းကျပ်တာတွေလည်း ပျောက်ကုန်သည် အစ်ကိုတို့နဲ့ စကားပြောနေတုန်း
ပါပါးကားဝင်လာသည် ကားပေါ်ကဆင်းတဲ့
ပါပါး နဲ့ P'Sing  မြင်စေရင် အော်ခေါ်လိုက်ပြီး

" ပါပါး!..ပါပါး!   "

Kirst  ထိုင်ရာကနေ ပြေးသွားမိသလို ဖြစ်တော့

" Kirst မပြေးရဘူးလေ  "

" ဟုတ်ကဲ့ အစ်ကို"

မပြေးရဘူးဆိုပြီး ရပ်လိုက်ပေမဲ့ ဗိုက်ထဲကနာလာသည်။

"အား!! "

သားလေးအော်သံကြောင့် ကျွန်တော့်သားလေးဆီပြေးပြီး ထိန်းလိုက်သည် Singနဲ့ Godတို့ပါ  Babyလေးနားရောက်သွားသည်

" ပါပါး ကျွန်တော် ..."

Kirst  ချွေးတွေပြန်လာသည် ကျွန်တော့် Baby လေးကို ကြည့်ပြီး စိုးရိမ်လွန်းလို့ မျက်လုံးတောင်ပြာသွားသည်

" ဘာဖြစ်တာလဲ သားလေး ဘာလို့ပြေးတာလဲကွာ  "

"သားအစာအိမ်နာတယ် ပါပ်းသားကိုပွေ့  "

Babyလေး ချွေးထွက်ပြီး ဗိုက်နာနေတာတောင် သူဌေးကို ပွေ့ခိုင်းနေသည် သူဌေး Babyလေးကို ပွေ့လိုက်ပြီး

" ဘာလို့ ကြောင်နေကျတာလဲ ဆရာဝန်မြန်မြန်ခေါ်ကျလေ "

" ဟုတ်...ဟုတ်ကဲ့ "

ကျွန်တော့်တို့ အားလုံး သူဌေးအော်မှ အသိဝင်သွားကျသည်။

14 / May 2019

Baby BossWhere stories live. Discover now