Part 71

2K 275 23
                                    

Part 71

Singto အားအင်ကုန်ခံပြီး နုံးနေပြီး နိုးတစ်ချက်
မနိုးတစ်ချက်ဖြစ်နေသည် သူကိုပြုစုနေတဲ့သူကို ကြည့်လိုက်တော့  ထူးဆန်းစွာပဲ သူဌေးနဲ့တူနေသည်။

" သူဌေးလား...သူဌေး ကျွန်တော်နဲ့ Babyကို မခွဲပါနဲ့  "

" Singto ....Singto !  "

Singto ပြန်အိပ်ပျော်သွားသည်။  ကျွန်တော့်လည်း ဒီကောင်လေးကို ရေပတ်တိုက်ပေးလိုက်သည်။

ဒေါက်....ဒေါက်

တံခါးဖွင့်ပြီး ဝင်လာတဲ့ ကောင်လေးတစ်ယောက်

" ကျွန်တော့်နာမည် Godလို့ခေါ်ပါတယ် သူဌေး  "

" သူဌေးလို့မခေါ်ပဲ ဦးလေးလို့ ခေါ်လို့ရပါတယ်  "

" ဟုတ်ကဲ့ ဦးလေး ကျွန်တော်ကော်ဖီဖျော်လာတယ် ဦးလေးကြိုက်ပါ့မလား မသိဘူး "

God သူဌေးKadeကို ကော်ဖီပေးလိုက်သည်။ သူဌေးက ကျွန်တော့်ဖျော်ပေးတဲ့ ကော်ဖီကို သောက်နေသည်

" သူဌေးလေးက ..."

" ရင်းရင်းနှီးနှီးပြောပါ ကောင်လေး  "

" ဦးလေးက ကျွန်တော့်တို့ ကို တစ်မျိုးမြင်မှာပဲနော် ကျွန်တော်တို့ က အခြောက်တွေလို့ ခံယူပြီး ကြီးပြင်းလာတာ မဟုတ်ပါဘူး အချစ်ကိုတွေ့ရှီလို့သွားလို့ ဒီလိုဘဝဖြစ်သွားတာပါ   "

" အချစ်ကိုတွေ့ ရှီသွားလို့ ဟုတ်လား  "

" ဟုတ်ကဲ့ ဦးလေး ကျွန်တော့်တို့ လက်တွဲဖော်ကို အရမ်းချစ်သွားလို့ပါ ချစ်သွားတဲ့လက်တွဲဖော်က မိန်းကလေး မဟုတ်ပဲ ယောက်ကျားဖြစ်နေတဲ့အတွက် တစ်ချိုပတ်ဝန်းကျင်ရဲ့ အမြင်မကြည်ချင်းတွေ ခံရသလို မိဘရဲ့ စွန့်ပစ်ခြင်းကိုပါ ခံလိုက်ရတာပါ ဒါပေမဲ့ ကျွန်တော့်တို မမှုပဲ လက်တွဲဖော်ကိုပဲ ရွေးချယ်ခဲ့တယ် ကိုယ့်နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင် မိဘကို စွန့် လွှတ်ပြီး လက်တွဲဖော်ကို ပိုချစ်လို့ ရွေးချယ်ခဲ့တာပါ  Singtoက Kirstကို အရမ်းချစ်ပြီး အရမ်းမြတ်နိုးပါတယ် ဦးလေး Kirst ကို ဘာအလုပ်မှ မခိုင်းပဲ အိမ်မှာပဲ နေခိုင်းခဲ့တာပါ အဆောင်မှာ ကျွန်တော်တို့နဲ့ မျှနေရတာကြောင့် သူတစ်ယောက်တည်းကပဲ နှစ်ယောက်စာ လုပ်ခဲ့တာပါ  "

" ဦးသိပါတယ် Singtoက သားလေးရဲ့အတွင်းရေးမှူးဖြစ်ကတည်းက သားလေးပေါ် ဂရုစိုက်ခဲ့တာကိုး ဦးက အထီးကျန်တဲ့ သားလေးဘဝကို ကလေးတွေမွေးပြီး ပျော်ရွှင်စွာ နေထိုင်ခဲ့ချင်ယုံပါ ကောင်လေးအချင်းချင်း ချစ်လို့ ရှက်တဲ့စိတ် ရွံတဲ့စိတ် ရှီခဲ့လို့ မဟုတ်ပါဘူး  "

" အဲ့ဒါဆို  အခုဦးလေးက Singtoကို
လက်ခံသွားပြီပေါ့ "

" အင်း Singtoကို လက်ခံတဲ့အပြင် သားတို့ညီလေးက သားတို့ကိုပါ လွမ်းနေတယ် "

Kade စကားကြောင့် တံခါးပွင့်လာပြီး

" ကျွန်တော့်တို့ကို Babyကလွမ်းနေတာ
တကယ်ပဲလား ဦး "

Gun ဝမ်းသားအားရ​မေးလိုက်သည်

" တကယ်ပါ  "

ဒီလူငယ်လေးတွေ ကျွန်တော့်နဲ့ God စကားပြောတာကိုး အပြင်ကနေ ချောင်းနားထောင်နေတာပဲ 

" ကျွန်တော့်တို့ လည်း Kirst ကိုလွမ်းနေတာ "

Bas ပြောလိုက်သည်

" သားလေးက သူအစ်ကိုတွေပါ ခေါ်ခဲ့ဖို့
ပြောလိုက်တယ် "

Off ဝမ်းသာသွားပြီး

" တကယ်လား ဦးလေး  ဒီကောင်လေး
ကျွန်တော့်တို့ ကိုမေ့သွားပြီ မှတ်နေတာ  "

" ကျွန်တော့်ပြောသားပဲ

Pappi!..Babyလေး

ကျွန်တော့်တို့ ကိုချစ်ပါတယ်လို့    "

ဒီကောင်လေးတွေလည်း သားလေးကို လွမ်းနေကျတာပဲ အမြဲတမ်း အလုပ်တစ်ခုပဲသိပြီး အရာရာထက်မြက်တဲ့ သားလေးက အခုလူမှုရေးမှာလည်း ကျွမ်းကျင်နေပြီပဲ သားလေးမှာ အထီးကျန်ခြင်း မရှီတော့ပဲ အကြင်နာမေတ္တာတွေ ရှီလာခဲ့ပြီပဲ။

Baby BossWhere stories live. Discover now