Part 78

2.1K 224 25
                                    

Part 78

ဆရာဝန် သားလေးကို စမ်းသပ်ပေးပြီး

" ကလေးဘာမှမဖြစ်ပါဘူး "

ကျွန်တော့်တို့ အားလုံးအခုမှ သက်ပျင်းချနိုင်တော့သည်။

" ရုတ်တရက်ကြီး ဗိုက်နာသွားတော့
အရမ်းစိုးရိမ်သွားတာ "

" အစာအိမ်ပြန်နာနေတာပါ ကျွန်တော့် kirstသက်သာအောင် ဆေးသွင်းပေးပါမယ် ပြီးတော့ စိတ်ဖီးစီးနေပုံရတယ် အဲ့ဒါကိုယ်ဝန်ဆောင်အတွက် မကောင်းဘူး "

" မြေးလေးက သူချစ်တဲ့သူတွေနဲ့ နေနေရတာကိုး ဘာတွေများ စိတ်ဖီးစီးနေပါလိမ့် "

" အမျိုးသားကိုယ်ဝန်ဆောင်အနေနဲ့ စိတ်ဖီးစီးမှုတွေ ရှီတက်ပါတယ် မိသားစုက ပိုဂရုစိုက်ပေးဖို့လိုတယ် "

" ဟုတ်ကဲ့ ဒေါက်တာ "

ဒေါက်တာပြန်သွားမှ သူဌေးအစ်ကိုတို့ကို မေးနေသည်

" ဒီနေ့ အိမ်အစောကြီးပြန်လာကျတာလား "

" ဟုတ်ကဲ့ ဦးလေး kitကြောင့်ပါ သူကိုလေကောင်းလေသန့် ရှုခိုင်းရင်း စကားလည်းပြောချင်တာနဲ့ ကျွန်တော့်တို့အားလုံး ကုန်တိုက်ကနေပြန်လာတာပါ "

P'God သူဌေးကို ရှင်းပြနေသည်

" အိမ်ကအလုပ်သမားတွေ ဘေဘီလေးကို ကြည့်ချိန်မရအောင် ဟင်း၁၅မျိုးတောင် ကျွန်တော့်ချက်ခိုင်းလိုက်တယ် "

Gunစကားကြောင့် သူဌေး ပြုံးသည် အမှန်က ဒီနေ့ သူဌေးနေမကောင်းလို့ ကျွန်တော့်တို့ လည်း ကုမ္ပဏီကနေ အစောကြီး ပြန်လာခြင်းဖြစ်သည် အခုတလော သူဌေးခေါင်းတွေ ခဏခဏကိုက်နေတာ ကျွန်တော့်သတိထားမိသည် kitမသိအောင် သူဌေးဟန်ဆောင်နေပေမဲ့ သူဌေးနေမကောင်းဖြစ်နေတာ ကြာပြီ အခု အစ်ကိုတို့ကြောင့် သူဌေးပြန်ပြုံးနိုင်သည်။

" သူဌေးသွားနားလိုက်ပါ့လား "

" အင်း Sing "

" မြေးလေးက သက်သာနေပြီကိုး သားမျက်နှာက
မလန်းပါလား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

" ဘာမှမဖြစ်ပါဘူး ဖော့ ကျွန်တော့်တို့
သွားနားရအောင် "

သူဌေးအပြင်ထွက်သွားတာကို ကျွန်တော့်ကြည့်ရင်း သက်ပျင်းချနေမိပြန်ပြီ

Baby BossWhere stories live. Discover now