Part 22

2.3K 223 7
                                    

Part 22

အဖိုးချိန်းထားတဲ့နေရာရောက်တော့ 
တွေ့လိုက်ရတဲ့ သူက kitကို ဆွံအသွားစေသည်။

" Kirst!  "

" P'Yorch! "

P'Yorchနဲ့အတူပါလာသောလူကြီးက
kitအဖိုးနဲ့ အသက်တူတူလောက်ပဲဖြစ်မယ်။

" မြေးက Pohရဲ့မြေးလေးကို သိတာလား   "

" ဖိုးဖိုးတွေ့ပေးချင်တဲ့သူက P'Yorch တို့လား "

"ဟုတ်တယ် မြေးလေး ဒါက ဖိုးဖိုးငယ်သူငယ်ချင်း အဖိုးPoh တဲ့ ဒါက သူမြေးလေး Yorch  "

" ဟုတ်ကဲ့  "

" ညစာစားဖို့ Kirst အတွင်းရေးမှူးရော့
မပါဘူးလား "

P'Yorchက Singtoကိုအမှတ်ရကာ မေးသည်။

" ဖိုးဖိုးက ဘယ်သူနဲ့ တွေ့ပေးမှန်းမသိတာနဲ့ ဂျိုကာကို ကားပေါ်မှာပဲနေခိုင်းခဲ့တယ် အခုသွားခေါ်ရမလား "

" မြေးလေး ထိုင်နေ အဖိုးတို့ အရေးတကြီးပြောရမဲ့ စကားရှီတယ်  "

" ဘာစကားလဲ ဖိုးဖိုး  "

" မြေးတို့ကို စေ့စပ်ပေးမလို့  "

" ဗျာ!  "

အဖိုးရဲ့စကားကြောင့် kitထပ်မံဆွံအသွားပြန်ရသည်။

" ဘာအံသြနေတာလဲ မြေး Yorch ဒီခေတ်မှာ
Boy to Boy စေ့စပ်တာ မထူးဆန်းပါဘူး  "

"အဖိုးကလဲ ကလေးရှေ့ မှာ ဘာပြောနေတာလဲ Kirst တို့မြေးအဖိုးကို အားနာစရာ "

"အားမနာပါနဲ့ အဖိုးတို့တိုင်ပင်ပြီးပါပြီး
မြေးလေး Kirst ကို စိတ်ချစေချင်လို့ပါ မြေးYorchက အဖိုးမြေးကို ဘယ်လိုမြင်လဲ  "

အဖိုးမေးတော့ P'Yorchက ကျွန်တော်ကိုကြည့်ကာ

" ချစ်စရာကောင်းတယ်လို့ မြင်ပါတယ်  ပြီးတော့ ... ကျွန်တော်မငြင်းပါဘူး  Kirst ကိုစောင့်ရှောက်နိုင်မယ်လို့ ယုံကြည်တယ် Kirst သဘောကရော့ "ယ

"ဗျာ! "

P'Yorch က မငြင်းဖူးတဲ့ အိမ်မက်များ မက်နေတာလား  ကျွန်တော်ကိုမငြင်းဘူးတဲ့ ကျွန်တော်ရင်ဘက်ကြီးထဲမှာအတိုင်းထက်အလွန် ခုန်နေသင့်တာကိုး။ ပျော်နေရမှာ ဖြစ်ပေမဲ့ အခု ကျွန်တော်
ထင်ထားသလောက်ရင်မခုန်ပဲ တည်ငြိမ်နေတယ်။

Baby Bossحيث تعيش القصص. اكتشف الآن