Part 36

2.2K 267 13
                                    

Part 36

Boss တနေ့ကုန် မျက်နှာမလန်းသလို အခုကုမ္ပဏီကနေ အိမ်အပြန်လမ်းလဲ တစ်လမ်းလုံး ကားမှန် ပြတင်းပေါက် အပြင်ကိုပဲ ငေးနေသည်။

" Boss မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ လုပ်ငန်းတွေ အဆင်ပြေရဲ့သားနဲ့ မျက်နှာက ဘာဖြစ်တာလဲ  "

Singto နောက်လှည့်ကြည့်ကာ
မေးလိုက်သည်။

" Boss လက်ဆောင်ကို ကောင်မလေးက
လက်မခံလို့လား  "

" ပါးစပ်ပိတ်ထား Ken  "

Kenက ပြောတော့ Boss က ဆူလိုက်သည်။

" ကျွန်တော်ရွေးပေးတာ ကောင်မလေးက မကြိုက်လို့ စိတ်တိုနေတာလား Boss အရုပ်နဲ့ ပန်းက မကြိုက်တဲ့ မိန်းကလေးမရှီပါဘူး Bossရဲ့ခြင်္သေ့ရုပ်ကြောင့်ပဲနေမှာ "

" အလုပ်ထုတ်မခံချင်ရင် ပါးစပ်ပိတ်လိုက် Ken "

" Yes Boss  "

အလိုက်မသိပြောဆိုတဲ့ Ken ကြောင့် ကျွန်တော် ဂျိုကာ မျက်နှာကို ကြည့်နေမိသည်။

" ကားရပ်လိုက် Ken  "

" ဘာဖြစ်လို့လဲ  P'Sing  "

" နောက်မှမေး အခုကားအရင် ရပ်ပေးပါ Ken

P'Singဘာကြောင့် ကားရပ်ခိုင်းပါလိမ့်  Ken ကားရပ်လိုက်တာနဲ့  P ကားပေါ်က ဆင်းပြီး

"ဂျိုကာ ဘာလို့လဲ  "

" ကျွန်တော် တစ်နေ့ရာ ဝင်စရာရှီလို့
Boss ပဲ ပြန်နှင့်လိုက်ပါ   "

"ဂျိုကာ ...ဂျိုကာ  "

ကျွန်တော်ခေါ်တာကို မကြားတော့ပဲ P'Sing Taxi ငှားဆီးကာ ထွက်သွားသည်။

" Boss ကျွန်တော် ကားမောင်းလိုရပြီလား  "

" မောင်းတော့ အရူးKen ငါကားမောင်းနိုင်ရင်
မင်းကို ကန်ချခဲ့တယ်  "

" ဗျာ   "

Boss ကျွန်တော်ကိုပဲ ဘာကြောင့်မဲနေပါလိမ့် ကျွန်တော် ဒီနေ့ ဘာအမှားတွေလုပ်မိပါလိမ့်

Singto Pov

ကုမ္ပဏီ တံခါးမပိတ်ခင် ကုမ္ပဏီကို ပြန်လာလိုက်ပြီး Boss ပေးတဲ့ အရုပ်ကို ပြန်ယူလိုက်သည် ကျွန်တော်ကို ပေးတဲ့ ကဒ်လေးကို စားပွဲခုံအောက်မှာ ရှာတွေ့ပြီး ကဒ်ကရေးထားတဲ့စာနဲ့ Boss စားပွဲခုံပေါ်က Boss ရေးမှတ်ထားတဲ့ လက်ရေးကို တိုက်ကြည့်လိုက်တော့ အတူတူဖြစ်နေသည်

" Shit! Singto  မင်းတော်တော်ညံ့တာပဲ  "

Boss ဘာလို့ ဒီလိုလုပ်နေတာလဲ အခုတလော Boss ပုံစံထူးဆန်းနေမှန်းသိပေမဲ့  Centre အသစ်ဖွင့်ဖို့အလုပ်များနေတာကြောင့် Boss ကို ဂရုမစိုက်မိဘူး ဒီလိုတွေလုပ်နေရတာ ကျွန်တော်အတွက်ကြောင့်လား. .မထိုက်တန်ပါဘူး

©♥®

ညနေစာထမင်းဝိုင်းတွင် အစာနည်းနေတဲ့ သားကို Kade စိတ်ပူစွာ မေးလိုက်သည်

" သားလေး နေမကောင်းဘူးလား  ဗိုက်နာလို့လား  "

" ကောင်းပါတယ်  ပါပါး"

" အဲ့ဒါဆို  များများစားလေ မြေးလေး  "

" ဟုတ်ကဲ့ ဖိုးဖိုး  "

" သားလေး သဘက်ခါ Centre  အသစ်ဖွင့်ပွဲနော် အတွင်းရေးမှူး Mr.Singto စီစဉ်တာဆို အင်တာနက်မှာ Shopping  Centre ကို ကြည့်လိုက်ရတယ် တော်တော်အရည်အချင်းရှီတဲ့ လူငယ်လေးပဲ  "

" ဟုတ်တယ် သား  မြေးလေးရဲ့ အတွင်းရေးမှူး ထဲမှာတော့ တော်တော်ထက်မြက်တဲ့ ကောင်လေးပဲ  "

အဖိုးနဲ့ ပါအါးက P'Sing ကို ချီးကျူးစကားပြောနေ ကျသည်။

" သတိရလိုက်တာ "

" ဟင် သားလေး ဘာပြောတာလဲ  "

" ဘယ်သူကို သတိရတာလဲ မြေးလေး  "

ကျွန်တော်ခေါင်းယမ်းပြလိုက်ပြီး ထမင်းဆက်မစားတော့ပဲ  ခြံထဲဆင်းလာလိုက်သည်။ P'Sing တို့နေတဲ့ အလုပ်သမား အဆောင်ဘက် ငေးကြည့်ပြီး

" လွမ်းလိုက်တာ... P'Sing!   "

Baby BossWhere stories live. Discover now