Part 61

2.1K 192 25
                                    


Part 61

Kirst အိမ်မှာနားနေရရင် ပျင်းဖို့ကောင်းမယ် ထင်နေပေမဲ့ ဗိုက်ထဲက ကလေးက အရမ်းအစားပုတ်တယ် ပြီးတော့ ခဏခဏလည်း အိပ်ချင်နေတယ်  ဒီကလေးက ကျွန်တော့်ထက်ဆိုးတယ် ဈေးကြီးတဲ့ အစာအစားမှ ခံတွင်းတွေ့တဲ့ ကလေးမျိုး ဒီကလေးကြောင့်  အစ်ကိုတို့အားလုံး နေရောညရော အလုပ်လုပ်နေရတယ် ကျွန်တော့်လည်း အလုပ်လုပ်ချင်ပေမဲ့ P'Gun က ဆိုင်ကယ်ရောင်းဖို့ ပြောထားတာကြောင့် Taxi ဆွဲလို့လည်း မဖြစ်တော့ဘူး  အခုလည်း ကျွန်တော့် ပင်လယ်စာတွေ စားချင်နေပြန်ပြီဖြစ်သည်။

" P'Gun ခေါက်စင်ပလာတူး ကင်းမွန်သုတ်
ပဲကြာဇံတွေ စားချင်တယ်. "

" အဲ့ဒါတွေအကုန်လုံး အစပ်ပါတယ်လေ. "

" မသိဘူး အဲ့ဒါတွေအရမ်းစားချင်နေတယ် 
နေ့ခင်းအဲ့ဒါတွေဝယ်စားရအောင်. "

" အင်း အစ်ကိုအစပ်လျော့ခိုင်းလိုက်မယ်. "

" ဒါနဲ့ ပိုက်ဆံရော ရှီလားအစ်ကို"

" ရှီပါတယ်ဗျာ ပိုက်ဆံအတွက် မပူပါနဲ့  "

Baby လေးစားချင်တာကို စားသောက်ဆိုင်ကနေ လှမ်းမှာလိုက်သည် ပြီးတော့ ထမင်းခူးထားလိုက်သည် ဟင်းပွဲတွေရောက်လာတော့ Baby လေးက ဒီအတိုင်းစားနေသည် ဆလက်ရွက်ထဲ ခေါက်ဆွဲ ပလာတူး အချဉ်ရည်ထည့်ပြီး ဖတ်ထုပ်လုပ်ပြီး ပါးစပ်ထဲ အတင်းထိုးသွန်းပြီး အားရပါးရကို စားနေသည်

" ဖြည်းဖြည်းစား Baby   "

"ဟုတ်ကဲ့  "

အားရပါးရနဲ့ မှာထားတာတွေ အကုန်စားပစ်လိုက်သည်။

" အစ်ကိုရေခဲ့မုန့်သွားဝယ်ပေးပါလား  "

" ဟင်!. "

P'Gun ကျွန်တော့်ကို အံသြစွာကြည့်နေသည်ှ။

"P'Gunရောထမင်းစားပြီး အချိုမတည်ချင်ဘူးလား "

" အစ်ကိုကဝယ်ပေးမှာပါ
Babyလေးဗိုက်ဆန့်သေးတာကို အံသြလို့ပါ  "

" ဟီးဟီးကျွန်တော်ထက်ကလေးကစားချင်နေတာ "

" ဟုတ်ပါပြီ ခဏစောင့် မြန်မြန်ဝယ်လာခဲ့မယ် "

P'Gun ဝယ်လာတဲ့ ရေခဲမုန့်ဗူးကို ကုန်အောင်စားပြီး ဗိုက်လေးလေးနဲ့ အခန်းထဲမှာ သွားအိပ်လိုက်သည်။

Baby BossWhere stories live. Discover now