Part 50

2.2K 250 21
                                    

Part 50

"အစ်ကို ကျွန်တော်လည်း အလုပ်လုပ်ချင်တယ် "

မနက်စာစားရင်း ကျီကျနေတဲ့ Baby လေး

" Baby အလုပ်လုပ်စရာမလိုဘူး
အစ်ကိုပဲအလုပ်လုပ်ပြီး Babyလေးကို
ရှာကျွေးမယ်နော် "

" ဘယ်လိုလုပ်လောက်မှာလဲ သူတို့တောင်
နှစ်ယောက်လုံး အလုပ်လုပ်ရတာကိုး "

Off တို့ကို မေးငေါ့ပြီး ပြောနေတဲ့ Baby လေးကြောင့်
Singto Babyလေးလက်ကိုကိုင်လိုက်သည်။

" လောက်အောင်ရှာပေးမယ်နော် Baby လေးအိမ်မှာအေးဆေးနေပါ ပျင်းရင် TVကြည့် နေ့လည်ခင်း ထမင်းစားပြီး တစ်ရေးတမော အိပ်လိုက်
အစ်ကိုအလုပ်ကပြန်လာရင် Baby လေး
အပျင်းပြေဖို့ ဖုန်းဝယ်လာမယ်နော် "

" မော်ဒယ်နိမ့်တာ မကိုင်ချင်ပါဘူး အကောင်းစားဖုန်း ဈေးအကြီးဆုံးဝယ်ဖို့ ကလည်း
အစ်ကိုမှာ ပိုက်ဆံရှီလို့ လား "

" ဟမ်! "

Baby လေးစကားကြောင့် ကျွန်တော်ဘာပြန်ပြောရမှန်း မသိခင် ထမင်းစားနေတဲ့ လူတွေ အကုန်လုံး ကျွန်တော်ကို ကြည့်လာသည်။

" i phone ကိုင်မလား Baby အစ်ကိုတို့ဝယ်ပေးမယ် "

Gun ကပြောတော့ Baby လေး နှုတ်ခမ်းဆူသွားသည်။

" မလိုချင်ပါဘူး "

Basကရယ်လိုက်ပြီး

" Baby လို့သွားခေါ်တာကိုး မင်းကို Kirstက နှုတ်ခမ်းကြီးနဲ့ ထိုးလိမ့်မယ် Kirstလေးက Baby လို့ခေါ်တာကို မကြိုက်ပေမဲ့ Pတို့ကတော့ Kirst ကို ချစ်စနိုးနဲ့ ခေါ်တာပါ Kirst ကို အထင်သေးလို့ ခေါ်တာ မဟုတ်ပါဘူး "

" မကြိုက်ဘူး မခေါ်နဲ့ ရှစ်နာရီထိုးတော့မယ် သွားကျတော့လေ စားပြီးရင်ပန်းကန်တွေ ဒီအတိုင်းထားခဲ့ကျ ကျွန်တော်ဆေးမယ် အိမ်မှာနေမှာမို့ အိမ်အလုပ်တွေ ကျွန်တော်တာဝန်ထား "

Baby လေးစကားကြောင့် ကျွန်တော်စိတ်မကောင်း ဖြစ်သွားသည်။ အိမ်မှာနေမှာမို့ အိမ်အလုပ်တွေ လုပ်မယ်တဲ့လား ကလေးရယ် Pက ကလေးကို ဘာအလုပ်မှ မခိုင်းချင်တာပါ အများနဲ့နေတာမို့ ဘာမှမပြောသာပဲ စိတ်မကောင်းစွာ အလုပ်ထွက်လာခဲ့ရသည်။

Baby BossМесто, где живут истории. Откройте их для себя